အာဇာနည်နေ့ အလေးပြု အခမ်းအနားအတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ စတင်ပြင်ဆင်

အာဇာနည်နေ့ အလေးပြု အခမ်းအနားအတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ စတင်ပြင်ဆင်
ဇူလိုင် 17, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၈)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားအား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် အတွက် ယနေ့ ဇူလိုင်လ(၁၇)ရက် နံနက်ပိုင်းမှစ၍ စုပေါင်းကာ ပြင်ဆင်နေလျှက်ရှိကြောင်း သိရသည်။

အခမ်းအနားဖြစ်မြောက်ရန်အတွက် ရှမ်းရိုးမကွင်းအတွင်း ပြင်ဆင်မှုများ ပြုလုပ်နေစဉ် အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးအားတီ + ဒေါ်ခင်ခင်ထွေး(စံလင်းဖြိုး ကုမ္ပဏီ)မိသားစုမှလည်း အလှူငွေ ထိုင်းငွေ(၁၀၀၀၀)ဘတ်တိတိ လာရောက်လှူဒါန်းသွားကြောင်း သိရသည်။

အာဇာနည်နေ့ အခမ်းအနားအား ဇူလိုင်လ (၁၈)ရက်နေ့ညပိုင်းတွင် အာဇာနည်နေ့ သီချင်း(၂)ပုဒ်အား ကျောင်းသားကလေးငယ်များမှ ရွေးချယ် သီဆိုယှဉ်ပြိုင်သွားမည့် အစီအစဉ်နှင့် အနုပညာ ၀ါသနာရှင်များမှ အာဇာနည်နေ့ သမိုင်းအကြောင်းအား တစ်ခန်းရပ်ပြဇာတ်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ဇူလိုင် (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်တို့အား အဆိုပါ ရှမ်းရိုးမကွင်းအတွင်းမှာပင် ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့ အာဇာနည်နေ့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~