တရားမ၀င် အလုပ်သမား မြန်မာနိုင်ငံသား (၁၁)ဦး ဖမ်းဆီးပြီး ပြန်ပို့

တရားမ၀င် အလုပ်သမား မြန်မာနိုင်ငံသား (၁၁)ဦး ဖမ်းဆီးပြီး ပြန်ပို့
ဇူလိုင် 14, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း တရားမ၀င်သွားရောက်ကာ အလုပ် လုပ်ကိုင်ရာတွင် ထိုင်းရဲများမှ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့  ပြန်ပို့ခံရသော တရားမ၀င် မြန်မာ အလုပ်သမား (၁၁)ဦးအား ယနေ့ ဇူလိုင်လ(၁၄)ရက် မွန်းလွှဲပိုင်းက တာချီလိတ် - မယ်ဆိုင် ရှိ ချစ်ကြည်ရေးတံတား(၁)အလယ်တွင် တရားဝင် လွှဲပြောင်းလာကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းရာ၌ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွှဲပြောင်းသည့်အထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၁)ဦး အပြင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး ပါဝင်ရာ စုစုပေါင်းမှာ (၁၁)ဦးရှိကြောင်း သိရသည်။

ထိုင်းဘက် တာဝန်ရှိသူများမှ လွှဲပြောင်းလာမှုကို မြန်မာဘက်တာဝန်ရှိသူများက လက်မှတ်ထိုးကာ လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~