ဒေသဧည့်လမ်းပြ အခြေခံသင်တန်းကို သင်တန်းသား (၈၀)ဦး တက်ရောက်သင်ယူတာချီလိတ်၌ ဖွင့်လှစ်သည့် ဒေသဧည့်လမ်းပြ အခြေခံသင်တန်းတွင် သင်တန်းသား (၈၀)ဦး တက်ရောက်သင်ယူ

ဒေသဧည့်လမ်းပြ အခြေခံသင်တန်းကို သင်တန်းသား (၈၀)ဦး တက်ရောက်သင်ယူတာချီလိတ်၌ ဖွင့်လှစ်သည့် ဒေသဧည့်လမ်းပြ အခြေခံသင်တန်းတွင် သင်တန်းသား (၈၀)ဦး တက်ရောက်သင်ယူ
ဇွန် 16, 2015
By Tachileik News Agency

"လားဟူတိုင်းရင်းသားရိုးရာစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့" နှင့် "မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (ရှမ်းရှေ့)ရွှေတြိဂံဇုံ" တို့မှ ပူးပေါင်းကြီးမှူး ကျင်းပသည့် "ဒေသဧည့်လမ်းပြ အခြေခံသင်တန်း"ကို တာချီလိတ်၌ သင်တန်းသား စုစုပေါင်း (၈၀)ဦးဖြင့် ယနေ့ ဇွန်လ(၁၆)ရက်နေ့မှ စ၍ တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ စာသင်ကျောင်းတွင် သင်ကြားပို့ချနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဖွင့်ပွဲအဖြစ် တာချီလိတ်မြို့ ရွှေဗူးသီးဟိုတယ်ရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(ဗဟို) ဥက္ကဌ ဒေါက်တာ ငြိမ်းငြိမ်းမှ သင်တန်းနှင့်ပတ်သက်၍ မှတ်သားစရာများကို ဆက်လက်ပြောကြားသွားသည်။

သင်ကြားပို့ချပေးသည့် "ဒေသဧည့်လမ်းပြ အခြေခံသင်တန်း"ကို ယနေ့ ဇွန်လ(၁၆)ရက်နေ့မှ ဇူလိုင်လ(၁၂)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး တာလော့ရပ်ကွက်ရှိ အ.မ.က(မူလွန်)တွင် သင်ကြားပေးနေလျက်ရှိကြောင်းနှင့် ခရီးစဉ်ပြသရေး လက်တွေ့ ကွင်းဆင်းသင်ကြားမှုအဖြစ် တာချီလိတ် - ကျိုင်းတုံ - မိုင်းလား ဒေသများသို့ သွားရောက်ကာ လက်တွေ့ပြသမှာဖြစ်ပြီး ဇူလိုင်လ(၁၁)ရက်နေ့တွင် လက်တွေ့ပြသမှု စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန် အပါအ၀င် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီဆင်လ်မိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(ဗဟို) ဥက္ကဌ ဒေါက်တာ ငြိမ်းငြိမ်း နှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (ရှမ်းရှေ့)ရွှေတြိဂံဇုံမှ အလုပ်အမှုဆောင်များ အပါအ၀င် သင်တန်းသား၊ သင်တန်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~