အမေရိကန်တွင် လိင်တူချစ်သူ လက်ထပ်ခွင့် အတည်ပြုပြီးနောက် ဆိုရှယ်နက်ဝေါ့သုံးစွဲသူများက သက်တန့်ရောင်ပုံများဖြင့် ကြိုဆို

အမေရိကန်တွင် လိင်တူချစ်သူ လက်ထပ်ခွင့် အတည်ပြုပြီးနောက် ဆိုရှယ်နက်ဝေါ့သုံးစွဲသူများက သက်တန့်ရောင်ပုံများဖြင့် ကြိုဆို
ဇွန် 27, 2015
By Tachileik News Agency

အမေရိကန် တရားရုံးချုပ်က အတည်ပြု သတ်မှတ်လိုက်တဲ့ လိင်တူချစ်သူတွေ လက်ထပ်ခြင်းကို facebook တည်ထောင်သူ Mark Zuckerberg က  ဂုဏ်ပြုတဲ့ အနေနဲ့ Facebook သုံးစွဲသူများရဲ့ Profile ပုံတွေမှာ ရောင်စုံချယ် သက်တန့်တွေနဲ့ ခြယ်မှုန်း အသုံးပြုနိုင်ရန် ဇွန်လ(၂၇)ရက် အစောပိုင်းအချိန်က စတင် သတ်မှတ်ပေးထားပါတယ်။

(  facebook တည်ထောင်သူ Mark Zuckerberg  )

iPhone, iPad တွေကို ထုတ်လုပ်တဲ့ Apple CEO Tim Cook ကတော့ twitter မှာ ပို့စ်တင်ထားတာက "ဒီနေ့ဟာ ချစ်ခြင်းတရားမှာ တန်းတူဖြစ်သွားတဲ့နေ့တစ်နေ့ပါပဲ"တဲ့..

နောက်တစ်ခုက Microsoft CEO Satya Nadella ကလည်း twitter မှာ အလားတူ ပို့စ်ရေးထားတာက "အမေရိကန်မှာ သမိုင်းတွင်မယ့် ကာလလည်းဖြစ်သလို ရှေ့ဆက် တန်းတူအခွင့်အရေးတွေ ရဖို့အတွက် ခြေလှမ်းလဲဖြစ်ပါတယ်"..လို့ ရေးထားပြန်ပါတယ်။

အခုလို Facebook သုံးစွဲသူတို့ရဲ့ Profile ပုံတွေမှာ ဖော်ပြပါပုံအတိုင်း ပြောင်းလဲသူများကတော့ လိင်တူချစ်သူတွေ လက်ထပ်ခြင်း ဥပဒေကို တရားဝင်သတ်မှတ်ခြင်းအပေါ် ထောက်ခံကြိုဆိုလိုက်တဲ့ သင်္ကေတပဲဖြစ်ပါတယ်။

အမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လိင်တူလက်ထပ်ခွင့် ဥပဒေကို အမေရိကန် တရားရုံးချုပ်က အတည်ပြုပြီးတဲ့နောက်မှာ အမေရိကန်ပြည်သူများနဲ့ ဆိုရှယ်နက်ဝေါ့သုံးစွဲသူများဟာ ယခုလို သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်တွင် ယင်းဥပဒေ အောင်ပွဲခံမှုကို ကြိုဆိုကြောင်း ပြသခဲ့သည်။

သင်လည်းပဲ ထောက်ခံတယ်ဆိုရင်တော့ ဒါလေးကို နှိပ်ပြီး သင့်ရဲ့ facebook profile ပုံကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ် ..... www.facebook.com/celebratepride

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~