တာချီလိတ်၌ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦး ပျောက်နေ

တာချီလိတ်၌ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦး ပျောက်နေ
ဇွန် 29, 2015
By Tachileik News Agency

တာချီလိတ်၌ အသက်(၄၀)နှစ်ရှိ ဒေါ်နီလွင်ဦးသည် ၂၀၁၅ခုနှစ် ဇွန်လ(၂၅)ရက်နေ့က ရုတ်တရက် ပျောက်သွားသည့်အတွက် မိသားစုများမှ စိုးရိမ်နေလျက်ရှိပြီး အမြန်ဆုံးတွေ့ရှိရန်အတွက် ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

ပျောက်နေသူ အသက်(၄၀)နှစ်ရှိ ဒေါ်နီလွင်ဦးသည် စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးဖြစ်ကြောင်းနှင့် ၎င်းအား မည်သည့် နေရာတွင်မဆို တွေ့ရှိရပါက တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံစေတီအောက်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင် လာရောက် အသိပေးနိုင်ပါကြောင်း နှင့် ဆက်သွယ်ရန်ဖြစ်သည့် ထိုင်းဖုန်း ၀၈၆၁၁၅၂၃၄၂ သို့ ဆက်သွယ်နိုင်မှာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~