၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဖြေဆိုမှု အောင်စာရင်းကို ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၆)ရက် နံနက်ပိုင်းအချိန်တွင် နိုင်ငံတ၀ှမ်းလုံး အတိုင်းအတာအနေဖြင့် ထုတ်ပြန်ကြေညာလိုက်ရာ တာချီလိတ်မြို့နယ် အနေဖြင့် ယခုနှစ်၏ ဖြေဆိုသူ(၈၂၄)ဦးတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၅)ဦး ဖြေဆို အောင်မြင်ပြီး ဘာသာအလိုက် ဂုဏ်ထူးရရှိသူ အနေဖြင့် (၁၈)ဦးရှိရာ တာချီလိတ်မြို့နယ် တစ်ခုလုံးတွင် အောင်ချက် ရာခိုင်နှုန်းမှာ (၂၀.၀၂)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အ.ထ.က (တာချီလိတ်)မှ ဖြေဆိုသူ (၁၄၉)ဦးအနက် အောင်မြင်သူ (၂၃)ဦး (၁၅.၄၄%)၊ အ.ထ.က (ဆန်ဆိုင်း)တွင် ဖြေဆိုသူ (၆၄)ဦးအနက် အောင်မြင်သူ (၄)ဦး(၆.၂၅%)၊ အ.ထ.က(ဟောင်လိတ်)တွင် ဖြေဆိုသူ (၅၁)ဦးအနက် အောင်မြင်သူ (၄)ဦး (၇.၈၄%)၊ အ.ထ.က(မိုင်းကိုး)တွင် ဖြေဆိုသူ (၅၈)ဦးအနက် အောင်မြင်သူ (၉)ဦး (၁၅.၅၂%)၊ အ.ထ.က(တာလေ)တွင် ဖြေဆိုသူ (၁၁၇)ဦးအနက် အောင်မြင်သူ (၂၇)ဦး (၂၃.၀၈%)၊ အ.ထ.က(၀မ်နက်)တွင် ဖြေဆိုသူ (၇)ဦးအနက် အောင်မြင်သူ(၁)ဦး (၁၄.၂၉%)၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖြေဆိုသူ(၈၈)ဦးအနက် အောင်မြင်သူ(၁၉)ဦး (၂၁.၅၉%) နှင့် အပြင်ဖြေသူ (၂၉၀)ဦးအနက် အောင်မြင်သူ (၇၈)ဦး ( ၂၆.၉၀%) စုစုပေါင်း ဖြေဆိုသူများမှာ (၈၂၄)ဦးရှိပြီး စုစုပေါင်း အောင်မြင်သူများမှာ (၁၆၅)ဦးရှိရာ တာချီလိတ်မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ (၂၀.၀၂)ရာခိုင်နှုန်း ရှိကြောင်း တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ အနေဖြင့် (၃)ဘာသာဂုဏ်ထူးရှင် အ.ထ.က(တာချီလိတ်)မှ (၂)ဦး နှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်များ အနေဖြင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၊ အ.ထ.က(ဟောင်လိတ်) နှင့် အ.ထ.က(တာလေ)တို့မှ (၃)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်များ အနေဖြင့် အ.ထ.က(တာချီလိတ်)မှ (၂)ဦး၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ (၄)ဦး နှင့် အပြင်ဖြေထဲမှ (၆)ဦး စုစုပေါင်း (၁)ဘာသာ ဂုဏ်ထူးရှင် (၁၂)ဦးရှိရာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများမှာ စုစုပေါင်း (၁၈)ဦးရှိပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ အများဆုံးအနေဖြင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၆)ဦး နှင့် အ.ထ.က(တာချီလိတ်)မှ (၄)ဦး ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တာချီလိတ်ခရိုင်အနေဖြင့် (၈၁၅)ဦးဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ဘာသာအလိုက် ဂုဏ်ထူးရရှိသူ (၁၁)ဦးရှိခဲ့ကြောင်း သိရသည်။
အောင်စာရင်းများကိုကြည့်ရန်