တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် အမျိုးသမီးတစ်ဦးထံမှ ဘိန်းစိမ်းများကို ယနေ့ ဇွန်လ(၁၂)ရက် နံနက်(၇း၄၅)နာရီ အချိန်ခန့်က ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထံ မှ သိရသည်။
မူးယစ်တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဟိုနား(အာခါ)ရွာရှိ ဒေါ်ရှိန်ရှု၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ ၎င်းအိပ်သည့် အိပ်ယာခြေရင်းဘက်ရှိ နှီးခြင်းတောင်းအတွင်းမှ ဘိန်းစိမ်း(အမဲရောင်အစေး)များကို ရှာဖွေရရှိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။
ရှာဖွေရရှိသည့် ဘိန်းစိမ်း(အမဲရောင်အစေး)၏ အလေးချိန်မှာ (၂၀၀)ဂရမ်ခန့်ရှိကြောင်းနှင့် လက်ဝယ်တွေ့ရှိရသူ အသက်(၆၂)နှစ်ရှိ ဒေါ်ရှိန်ရှုအား ၀မ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။