တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းနေ အသက်(၇)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသည် တစ်နှစ်ကျော်အကြာ အများအခေါ် ရေဖျင်းဟု ယူဆရသော ရောဂါကို ခံစားနေရပြီး ဆေးဝါးကုသရန် အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် စေတနာရှင်များ၏ အကူအညီများကို လိုအပ်နေလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့က လက်လုပ်လက်စား သမားတွေပါ၊ အလုပ်ကတော့ ရေတွင်းတူးတဲ့ အလုပ်ကို လုပ်ပါတယ်၊ ရလာတဲ့ ငွေလေးနဲ့ သားကို ဆေးကုနေတာ၊ မယ်ဆိုင်ဆေးရုံ၊ ချင်းရိုင်းဆေးရုံထိ ရောက်ခဲ့ပြီးပါပြီ၊ အခုထက်ထိ ဘာမှ မထူးခြားလာဘူး ဖြစ်နေလို့ သားလေး အမြန်ဆုံး သက်သာ ပျောက်ကင်းဖို့အတွက် ရန်ကုန်ဆေးရုံမှာ သွားပြီး ကုသချင်တယ်ဗျာ..."ဟု ကလေး၏ ဖခင် ဦးအောင်စန်းလင်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ထိုင်းနိုင်ငံ ဆေးရုံသို့ သွားရောက်ကုသရာတွင် ဆရာဝန်များမှ တီဘီရောဂါဟုပြောကြောင်း နှင့် နယ်ခံလူများက ရေဖျင်းရောဂါဟု ပြောကြသော်လည်း ရောဂါအခြေအနေကို တိတိကျကျ မသိရသေးကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။
အသက်(၇)နှစ်ရှိ မောင်နေလင်းအောင်သည် ဦးအောင်စန်းလင်း နှင့် ဒေါ်လေးကြည်တို့၏ သားဖြစ်ပြီး တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းတွင် နေထိုင်သူဖြစ်သည်။
အဆိုပါ ကလေးနှင့် ပတ်သက်၍ ဆေးဝါးကုသရန်အတွက် စေတနာရှေ့ထားက မိမိတို့ တက်နိုင်သမျှ ပါဝင် ကူညီလှူဒါန်းလိုသူများ အနေဖြင့် အောက်ပါ ဆက်သွယ်ရန် လိပ်စာများတဆင့် ဆက်သွယ် လှူဒါန်းနိုင်မှာဖြစ်ပါသည်။
အလင်းရောင်ပရဟိတအသင်း
ဦးမြင့်ဦး(ဥက္ကဌ)
မြန်မာဖုန်း 0936107719
ဦးနိုင်စိုး(ဒုဥက္ကဌ)
ထိုင်းဖုန်း။ ။0831532542
မြန်မာဖုန်း။ ။ 0936076220
အလင်းရောင်ပရဟိတအသင်းရုံး၊ ဗိုလ်ချုပ်လမ်းမဘေး၊ ၀မ်းမိုဘိုင်း ဖုန်းဆိုင်အနီး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။