မြန်မာနိုင်ငံ၏ (၈)ခုမြောက် ရုံးခွဲဖြစ်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(တာချီလိတ်ခရိုင်)ရုံးခွဲကို ယနေ့ မေလ(၁၇)ရက် နံနက်(၇း၄၅)နာရီအချိန်က တာချီလိတ်မြို့ရှိ ဒီပါကျော်ဈေး၏ အပေါ်ထပ်တွင် ဖွင့်လှစ်သည်။
အဆိုပါ ရုံးဖွင့်ပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌ ဦးဝင်းခိုင်၊ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(တာချီလိတ်ခရိုင်)ရုံးခွဲ၏ ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)တို့မှ ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲသို့ တက်ရောက်လာသည့် အကြီးအကဲများနှင့် ဗဟိုကော်မတီဝင်များမှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)ရုံးခွဲတွင် အလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် အသင်းသားဝင် စုစုပေါင်း (၂၁)ဦးရှိရာ ဥက္ကဌ အဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဒုတိယဥက္ကဌ(၁) အဖြစ် ဦးထိန်မင်း၊ ဒုတိယဥက္ကဌ(၂) အဖြစ် ဦးအေးချို၊ ဒုတိယဥက္ကဌ(၃) အဖြစ် ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ကိုယ်စား ဆရာမ ဒေါက်တာဒေါ်နီနီမိုးကျော်၊ အတွင်းရေးမှူး အဖြစ် ဒေါ်ဝေေ၀ကြည်၊ တွဲဖက်အတွင်းရေးမှူး (၁)အဖြစ် ဦးလှမျိုး၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ဦးဇေယျာလင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးနေ၀င်း နှင့် ဒေါ်နှင်းအိဇာ၊ အကျိုးဆောင် စာရင်းစစ်အဖြစ် ဒေါ်ဖြူဖြူအောင် နှင့် ဦးလှမြင့်ထွန်း၊ ပြန်ကြားရေးမှူးအဖြစ် ဦးကောင်းထက်အောင် တို့မှ တာဝန် အသီးသီးရယူပြီး အသင်းဝင်များအဖြစ် ဦးကျော်ကျော်လွင်၊ ဦးမြင့်သိန်းထွန်း၊ ဦးကောင်းဇော်သူ၊ ဦးစောဂျိမ်းကြီးငွေ၊ ဒေါ်စိမ့်စိမ့်ထူး၊ ဒေါ်စုထက်ခင်၊ ဒေါ်သီတာစိုး၊ ဦးအေးချမ်းမိုး၊ ဦးစိုင်းမင်းပြည့်သူ၊ ဦးအောင်သူလင်း နှင့် ဦးကျော်ညီညီထွန်းတို့ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခွဲ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ "ဒီဒေသမှာ ရှိတဲ့ အင်ဂျင်နီယာတွေ စည်းစည်းလုံးလုံးနဲ့ တစုတစည်းဖြစ်အောင်လို့ အသင်းအဖွဲ့ ဖွဲ့စည်းပြီး ရုံးခွဲ ဖွင့်လှစ်လိုက်တာပါ"ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(တာချီလိတ်ခရိုင်)ရုံးခွဲမှ ဒုတိယဥက္ကဌ(၂) ဦးအေးချိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)ရုံးခွဲအား အသင်းသားစုံညီဖြင့် ဖွဲ့စည်းမှုကို မေလ(၁၆)ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ဗဟို) ဥက္ကဌ ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် အသင်းသားစုစုပေါင်း (၄၆၀၀၀)ကျော် ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ သိရသည်။
ပုံများကိုကြည့်ရန်