တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများကို ပူးပေါင်းအဖွဲ့ဖြင့် မေလ(၂၆)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
ရှာဖွေရာမိရာတွင် ကျပ်သိန်းပေါင်း (၈၉၀)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၃၅၆၀၀)ပြား၊ သြစတြေးလျနိုင်ငံလုပ် Glock အမျိုးအစား ၉မမ ပစ္စတိုသေနတ်(၂)လက် နှင့် ကျည်အိမ်(၄)ခုအပြင် ၎င်းကျည်(၂၁)တောင့်၊ ဂျာမဏီနိုင်ငံလုပ် Gas ဖြည့် ထည့်ပစ်ရသော လေသေနတ်ပစ္စတို (၁)လက်၊ ၎င်းကျည်ကဒ်(၁)ခုနှင့် ပွိုင့် ၃၂ ကျည်အမျိုးအစား (၅၀)တောင်၊ ပွိုင့် ၄၅ ကျည်(၈)တောင့် ၅.၅၆ကျည် (၁၅)တောင့်၊ ပွိုင့် ၂၂ကျည် (၄)တောင့် နှင့် Ak-47 ကျည်(၁)တောင့်အပြင် အလေးချိန် (၆)ကီလိုခန့်ရှိသည့် ကျောက်စိမ်းအရိုင်းတုံး (၁)တုံးနှင့် (၄)ကီလိုခန့်ရှိသည့် ကျောက်စိမ်းအရိုင်းတုံး (၁)တုံးကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ သိမ်းဆည်းရမိသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားသော စိုင်းမြတ်နိုးကျော် နှင့် စိုင်းဟောင် အပြင် လွတ်မြောက်နေသူ တစ်ဦးအပါအ၀င် စုစုပေါင်း (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၈၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။