ကျိုင်းတုံမြို့တွင် ဖွင့်လှစ်မည့် မူကြိုဆရာမ လုပ်ကိုင်လိုသူများ နှင့် ရှေးဦးကလေး သူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေး ဆိုင်ရာ သင်တန်းအား မည်သူမဆို တက်ရောက် သင်ယူနိုင်မှာဖြစ်ပြီး စိတ်ဝင်စားသူများ အနေဖြင့် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ဆက်သွယ်စုံစမ်း နိုင်မှာ ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန အနေဖြင့် မိမိတို့ ရပ်ရွာအတွင်း အိုးမကွာ၊ အိမ်မကွာ အသက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများ၊ ကလေး သူငယ်များအား စိတ်ပါဝင်စားပြီး စေတနာ မေတ္တာ အပြည့်အ၀ဖြင့် ပြုစုစောင့်ရှောက်မှု ပေးလိုသူများ၊ မိမိတို့ ၏ သားသမီးများကို နည်းစနစ် မှန်ကန်စွာဖြင့် ပြုစု စောင့်ရှောက်ပေးလိုသူများ နှင့် မူကြိုကျောင်းများတွင် အလုပ် လုပ်ကိုင်လိုသူများ အတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းကို ၂၀၁၅ခုနှစ် မေလ (၅)ရက်မှ မေလ (၂၅)ရက် နေ့အထိ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမူလတန်း ကြိုကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် လက်ရှိ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နည်းပြဆရာမများက စာတွေ့ ၊ လက်တွေ့ သင်ကြားပြသပေးမည်ဖြစ်ပြီး၊ သင်ထောက်ကူပစ္စည်းများ ၀ယ်ယူရန် အတွက် သင်တန်းသူ တစ်ဦးလျှင် သင်တန်းကြေး အဖြစ်ေ ငွကျပ် (၂၅၀၀၀) အား ပေးသွင်းရန် လိုအပ်မည်ဖြစ်သည်။
သင်တန်းတက်ရောက်နေစဉ် အတွင်း သင်တန်းကျောင်း၌ နေထိုင်ရေး စီစဉ်ပေးထားမည်ဖြစ်ကာ သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးပါက အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံး ဖုန်းနံပါတ် ၀၈၄-၂၂၅၂၉ နှင့် ၀၉၄၂၀၇၀၇၆၆၁၉ တို့အား ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ။ ဝေယံလင်း