ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၁၉)ရက် (၁၄:၃၀)နာရီ အချိန်ခန့်က မိုးကြီးလေကြီးမှု ဖြစ်ပွားခဲ့ရာ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း နှင့် ဟွေလေလန်ကျေးရွာတို့တွင် သစ်ပင်၊ သစ်ကိုင်း ကျိုးကျ ပြိုလဲမှုများအပြင် ဓါတ်တိုင်ကျိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး သစ်ပင် သစ်ကိုင်းကျိုးကျမှုကြောင့် လူငယ်သုံးဦး(တစ်ဦး ဆေးရုံတွင် သေဆုံး) ထိခိုက်ဒဏ်ရာရခဲ့သည့် နေရာ၌ ပြိုလဲနေသော သစ်ပင် နှင့် ပျက်စီးသွားသည့် အိမ်အား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ အပြင် ကျေးရွာအတွင်းရှိ ရွာသူရွာသားများမှ စုပေါင်း၍ ရှင်းလင်းနေလျက်ရှိသည်။
ပုံများကိုကြည့်ရန်