တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၅း၃၅)နာရီအချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျပ်သိန်းပေါင်း (၁၀၅၀)ခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများအား ဖမ်းဆီးသိမ်းဆည်း ရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့ (၃၀)တာချီလိတ်မှ ရဲအုပ် ရဲဝင်းထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်၊ မိုးကုတ်ဝိပဿနာအနီး၊ ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်းတွင်မိုင်းဆတ်မြို့နယ်၊ ၀မ်ဟုန်ကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်ထွန်း မောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်တစ်စီးအား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေစစ်ဆေးမှုကြောင့် အဆိုပါ ကားအတွင်းရှိ အင်ဂျင်ခန်းဝဲဘက်ထောင့် ဘက်ထရီအိုး၏ အနောက်ဘက်တွင် သိုဝှက်ထားသည့် ပီနံအိတ်ခွံ အဟောင်း အတွင်းမှ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေး (၆၀၀၀)ပြားစီပါသည့် အထုတ်ကြီး(၇)ထုတ်၊ စုစုပေါင်း ဆေးပြား (၄၂၀၀၀၀)ပြားရှိရာ အလေးချိန်မှာ (၄.၂)ကီလိုရှိပြီး ကာလတန်ဖိုးအနေဖြင့် ကျပ်သိန်းပေါင်း (၁၀၅၀)သိန်းရှိကြောင်း သိရသည်။
ဆက်လက်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်ထွန်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။