၂၀၁၄-၂၀၁၅ ပညာသင်နှစ် တတိယအပတ်စဉ်အဖြစ် အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၉)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၉)တို့၏ သင်တန်းဖွင့်ပွဲကို တာချီလိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာသင်တန်းကျောင်း ခန်းမတွင် ဒီဇင်ဘာ (၁၅) ရက် ၊ နံနက်(၈)နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က အဖွင့်အမှာစကားပြော ကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများအား အိမ်တွင်းမှုသက်မွေးပညာရပ်များ သင်ကြား ပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင် နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင်နိုင်ခြင်းဖြင့် စားဝတ်နေရေးဘက်စုံ ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မား လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့်အမျိုးသမီးလေးများဖြစ်လာစေရန်၊ တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ်စိတ် အစဉ်ရှင်သန်ထက် မြက်နေ သည့် အမျိုးသမီးလေးများဖြစ်လာစေရန်၊ ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှုအတတ်ပညာရပ်များ ပိုမိုထွန်းကား ပြန့်ပွားလာစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းများကို စဉ်ဆက် မပြတ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က သင်တန်းသူများအတွက် လှူဒါန်းသည့် ငွေကျပ် ၁၅၅၀၀၀ တန်ဖိုးရှိ စားသုံးဆီ ပိသာ ၅၀ အား ခရိုင်ရဲတပ်မှူးကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးဒေါ်နန်းစံဖူးလောဝ် က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီးပြီး၊ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
အဆိုပါ သင်တန်းသို့ အခြေခံအိမ်တွင်းမှု သင်တန်းတွင် သင်တန်းသူ(၁၇)ဦး၊ အဆင့်မြင့်စက်ချုပ် သင်တန်း တွင် သင်တန်းသူ(၁၃)ဦး၊ စုစုပေါင်း (၃၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ/သတင်း ။ ။ ဝေယံလင်း