လားဟူနှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ ဗိမာန်တော်သစ် ဖွင့်ပွဲနှင့် ဆက်ကပ်ခြင်း အခမ်းအနား ကျင်းပ

လားဟူနှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ ဗိမာန်တော်သစ် ဖွင့်ပွဲနှင့် ဆက်ကပ်ခြင်း အခမ်းအနား ကျင်းပ
ဒီဇင်ဘာ 10, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်၊ ၀မ်မိုင်ရွာတွင် လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ ဗိမာန်တော်သစ် ဖွင့်ပွဲအခမ်းအနားနှင့်  ဗိမာန်တော် ဆက်ကပ် ဆုတောင်းခြင်း အခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၀)ရက် နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ  ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရှာမွေလှရှဲန် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး တို့မှ ဖွင့်ပွဲ အထိမ်းအမှတ် အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ ဗိမာန်တော်သစ် ဖွင့်ပွဲအခမ်းအနားတွင် ဆရာတော် နှင့် အတူ စုပေါင်းအလှူရှင်များကိုယ်စား နာယက နှစ်ဦးဖြစ်သည့် ဦးယေရှဲ နှင့် ဦးဂျင်မီ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဗိမာန်တော်သစ် ဆက်ကပ်ဆုတောင်းခြင်း အခမ်းအနားသို့ တာချီလိတ်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့်အတူ ခရိုင်ကော်မတီဝင် ဦးဘိုစံ ၊ ဦးလွန်းသူ ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင်များ စသည်တို့မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံ / သတင်း ။  ။ သာစည်မျိုးသန့်

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~