အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲ အကြိုနေ့

အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲ အကြိုနေ့
ဒီဇင်ဘာ 14, 2014
By Tachileik News Agency

မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်ဖြစ်ပြီး တာချီလိတ်အခြေစိုက် Eastern Eagle MC ၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အနေဖြင့် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲရဲ့ ပထမနေ့ ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ ၀င်ကြေးအခမဲ့ဖြင့် ကျင်းပပြုလုပ်ခဲ့ရာမှာ ပွဲတွင်းသို့ လာရောက်၍ ဆိုင်ကယ်များကို ကြည့်ရှုကြသူ အများအပြားရှိနေကြတာကို တွေ့ရှိရသည်။

ယနေ့ ပထမည အနေဖြင့် ထိုင်းနိုင်ငံဘက်မှာ အဆိုတော်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တိုင်းရင်းသား အဆိုတော်များ စသည်တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။ ပွဲအတွင်း၌ ထူးခြားသည့် ပြသမှုအနေဖြင့် အမေရိကန် အင်ဒီယန် လူမျိုးတွေရဲ့ ရိုးရာ အဆောင်အရောင်းပြခန်း နှင့် ၀တ်စုံများ ၀တ်ဆင်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်နိုင်ရန်လည်း စီစဉ်ထားတာကို တွေ့ရတယ်။

အဆိုပါ ပွဲ၏ အဓိက နေ့မှာ ဒီဇင်ဘာလ(၁၅)ရက်နေ့ဖြစ်ပြီး ဖွင့်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးနောက် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက် သွားမှာဖြစ်သလို ယခုပွဲကို ကျင်းပပြုလုပ်သည့် တာချီလိတ်အခြေစိုက် Eastern Eagle MC မှ တာချီလိတ်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် ထောက်ပံ့ အလှူငွေအဖြစ် ကျပ်သိန်း(၃၀)ကိုလည်း လှူဒါန်းမည့် အပြင် နိုင်ငံတကာမှ ရောက်ရှိလာသည့် ဆိုင်ကယ်ကလပ်များကလည်း ပါဝင်လှူဒါန်းသွားကြမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။
ဓါတ်ပုံ/သတင်း ။  ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
108 photos
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~