နိုဝင်ဘာလ(၈)ရက်နေ့က ထိုင်းနိုင်ငံ ပရာ နခွန်ခရိုင်ရှိ Thammasat University ဆေးရုံတွင် အလုံပိတ်ထားသော ဆေးရုံ အိပ်ဆောင်တစ်ခုအတွင်း ကလေးငယ်တစ်ဦး၏ ငိုသံကြားသဖြင့် ဆေးရုံ တာဝန်ကျမှ ရဲစခန်းအား အကြောင်းကာ ၎င်းအိပ်ခန်းအား တံခါးဖြတ်၍ ၀င်ရောက်ခဲ့ရာမှ အ၀ါရောင် ပုဝါဖြင့် ပတ်ထားသော (၁)ရက်သားအရွယ် ကလေးငယ်အား မြင်တွေ့ရကြောင်း သိရသည်။
ကလေး၏ မိဘများအား ရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိကြောင်း ကလေးငယ်မှာ အလွန်ငယ်ရွယ်ပြီး အင်အားချိနဲ့ နေကြောင်း ဆေးရုံအုပ်ကြီးမှ ပြောကြားသည်။
နိုဝင်ဘာလ(၉)ရက်နေ့တွင် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှ ၎င်းကလေးငယ်မှာ သူမ၏ ကလေးဖြစ်ကြောင်း လာရောက်ပြောကြားပြီး ၎င်းအား စက်ရုံအလုပ်သမား တစ်ဦးမှ မွေးဖွားစရိတ် မလုံလောက်ခြင်းကြောင့် ဆေးရုံအလုပ်သမား အခန်းအတွင်း ကလေးနှင့်အတူ ထားရှိကြောင်း၊ ၎င်းနွားနို့သွားဝယ်ရန် ကလေးငယ်အား တစ်ဦးတည်း ထားသွားခြင်းဖြစ်ကြောင်း၊ တစ်ခြားမည့်သည့် အကြောင်းနှင့်မျှ စွန့်ပစ်သွားခြင်း မဟုတ်ကြောင်း ပြောကြားပြီး ကလေးအားပြန်လည် တောင်းယူသွားခဲ့ကြောင်း သိရှိရသည်။
Ref; bangkokpost.com