ရတနာများ နှင့် မိတ်ဆက်ခြင်း

ရတနာများ နှင့် မိတ်ဆက်ခြင်း
နိုဝင်ဘာ 2, 2014
By Tachileik News Agency

ကျွန်တော်တို့သည် မြေပေါ် မြေအောက်သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံသူ/သားများဖြစ်သည့် အလျောက် ရတနာ အမျိုးမျိုးဖြင့်လည်း နီးစပ်ခွင့်ရကြသည်ဖြစ်ပါသည်။

သို့ကြောင့်လည်း ရတနာကို ဧည့်ခံပွဲများ ပါတီများတွင် ဂုဏ်ယူဝင့်ကြွားစွာ ဆင်မြန်းကြသလို အရောင်၊ တောက်ပမှုတို့ကို ချစ်မြတ်နိုးသဖြင့်လည်း ဝတ်ဆင်ကြသည်။

မြန်မာ့ကျောက်မျက်ရတနာများကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ အမြတ်တနိုး ဝတ်ဆင်ကြသည်။ထိုသို့ ၀တ်ဆင်ကြခြင်းသည် ကျောက်မျက်ရတနာများ၏ ဂုဏ်သတ္တိများ ရှိနေခြင်းကြောင်းဖြစ်ပေသည်။

ကျောက်မျက်ရတနာများ၏ ထူးခြားဖြစ်တည်မူ လှပမှုတို့ကို အကျယ်တဝံ့ ရေးသားဖော်ပြရရင်ဖြင့် ဆုံးခန်းတိုင် လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် စာဖတ်သူ အပေါင်းတို့အား မိမိတို့ ပိုင်ဆိုင်ထားသည့် ရတနာများ၏ အဖိုးတန်ပုံနှင့် ဆင်မြန်းပုံတို့ကို ဗဟုသုတအနေဖြင့် လက်လှမ်း မိသမျှရေးသား ဖော်ပြပေးလိုက်ပါသည်။

ပထမဆုံး မြန်မာနိင်ငံသူ/သားများ တန်ဖိုးအထားဆုံးသော နဝရတ် ကိုးပါးထဲမှာပါသည့် ရတနာကိုးမျိုးကို ဖော်ပြပေးလိုက်ပါသည်။

ပတ္တမြား(RUBY) 

(၁) ပတ္တမြား(RUBY) သည် ဘုန်းတန်းခိုး  အရှိန်အဝါကို မြင့်မားစေနိုင်သည်။

 မြ ( EMERALD )

(၂) မြ ( EMERALD )သည် ရင်ကိုအေးမြစေပြီး အပူကို ငြိမ်းစေသည်။

စိန် (DIAMOND)

(၃) စိန် (DIAMOND)သည် ဂုဏ်အရှိန်ဝါကို မြင့်မားစေပြီး ခိုင်မြဲခြင်းကိုလည်း ဖော်ဆောင်စေသည်။

ကြောင်

(၄) ကြောင်၊ မျော ( Cat's eye or Cymophane )သည် ရည်ရွယ်ချက်ကို အောင်မြင်စေပြီး
သိဒ္ဓိပြီးသည်ဟုလည်း ဆိုကြသည်။

ဂေါ်မိတ် (Zircon)

(၅) ဂေါ်မိတ် (Zircon)သည် ခွန်အားဗလကို ပြည်စုံစေသည်။

နီလာ (Blue Sapphire)

(၆) နီလာ (Blue Sapphire)သည် ချစ်ချင်းမေတ္တာကြီးမားစေသည်။

 ဥဿဖရား (Yellow Sapphire)

(၇) ဥဿဖရား (Yellow Sapphire)သည် ကျန်းမာ နုပျိုစေသည်၊၊

ပုလဲ ( pearl )

(၈) ပုလဲ ( pearl )သည် ကျက်သရေရှိခြင်း မင်္ဂလာအပေါင်းတို့နှင့် ပြည်စုံခြင်းဟု သက်မှတ်ကြသည်။

သန္တာ ( Coral )

(၉) သန္တာ ( Coral )သည် ကြီးမြတ်ခြင်း အကြီးအကဲဖြစ်ခြင်းဟု ဆိုကြသည်။

နဝရတ် ဆိုသည့် အဓိပ္ပါယ်မှာ ပါဠိအဓိပ္ပါယ်အရ (၉)မျိုးရံခြင်းဟု ဆိုလိုကြသည်။ ထိုသို့ (၉)မျိုးရံ၍ ပြုလုပ်ပုံမှာ..
(၁) မဏိသျှတ္တရ - ကျမ်းမူအရပြုလုပ်ခြင်း
(၂) ဥတုဘောဇနသင်္ဂဟ - ကျမ်းမူအရပြုလုပ်ခြင်း
ထိုပြုလုပ်ပုံ နှစ်မျိုးတွင် မဏိသျှတ္တရကျမ်းအရ ပြုလုပ်ခြင်းက ပိုများသည်။

နဝရတ် ကိုးပါးလက်စွပ်

နဝရတ် ကိုးပါးလက်စွပ် ပြုလုပ်ရာတွင် ရှေးအခါက ဝတ်မည့်သူ၏ နေ့သားအလိုက် တက်ကျွမ်းသော ဗေဒင်ဆရာ၊ ပုဏ္ဍား စသည့် ပညာရှိများက နက္ခက်တာရာတို့ကို တွက်ချက်၍ ပြုလုပ်ကြပြီး ပြုလုပ်သည့် ပန်းထိမ်သည်ကလည်း ဥပုဒ်သီလ စောင့်တည်ခြင်း သက်သက်လွတ်စားခြင်းတို့ကို စောင့်တည်ကြသည်။အချိန်ကာလ အနေဖြင့်လည်း လပေါင်းများစွာ ကြာမြင့်လေ့ရှိတတ်သည်။

စာဖတ်သူအပေါင်းတို့အား ဗဟုသုသ အနေဖြင့်သော်လည်းကောင်း  မိမိတို့ ပိုင်ဆိုင်ထားသည့် ရတနာများ၏ တန်ဖိုးကို နားလည် သိရှိစေရန် သော်လည်းကောင်း ရည်ရွယ် ၍ ရေးသားဖော်ပြပေးလိုက်ပါသည်။

နောက်ပိုင်းတွင်လဲ မွေးနေ့ အဆောင်ကျောက်မျက်များနှင့် မွေးလ အဆောင်ကျောက်များ အကြောင်းကို အလျင်းသင့်သလို ဖော်ပြပေးသွားမှာဖြစ်ပြီး စာရေးသူအနေနှင့် စေတနာကိုသာ ရှေးရှု၍ ရေးသားဖော်ပြခြင်း ဖြစ်ပါသောကြောင့် ဝေဖန်အကြံပြုခြင်းများကိုလည်း ကြိုဆိုလက်ခံပါကြောင်း တင်ပြလိုက်ရပါသည်။

ဆောင်းပါး ။ ။ ဝင်းလက်ရာ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~