ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ "မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်"မှ စာသင် သာမဏေ အပါး(၃၀)တို့သည် တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မော်လမြိုင်ကျွန်းမြို့၊ မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် တံတားဦးမြို့ရှိ စာဖြေဌာန(၆)ဌာနတို့၌ ကျင်းပမည့် သာမဏေကျော် စာမေးပွဲသို့ ဖြေဆိုသွားကြမည်ဖြစ်ရာ သာမဏေများနှင့် ကြီးကြပ်ရေးလိုက်ပါမည့် စာချဆရာတော်များနှင့် ပတ်သက်၍ ပညာရေးနှင့် ခရီးစရိတ် န၀ကမ္မအတွက် တာချီလိတ်မြို့ရှိ စေတနာရှင်များ အနေဖြင့် ပါဝင် လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်နေ ( CNCMC)ကော်မတီဝင်များဖြစ်သည့် ဦးစည်သူမောင် + ဒေါ်နန်းကြာဖြူတို့မှ အဓိကဦးဆောင်၍ အလှူငွေများ ကောက်ခံပေးရာတွင် တာချီလိတ်မြို့ရှိ စေတနာရှင်များမှ ပါဝင် စုပေါင်းလှူဒါန်းကြရာ အလှူငွေ စုစုပေါင်း (၂၀၄၁၀၀၀)ကျပ်ရရှိကြောင်း သိရသည်။
ထိုသို့ ကောက်ခံရရှိသည့် စေတနာရှင်များ၏ အလှူငွေများအား ယနေ့ အောက်တိုဘာလ(၈)ရက် သီတင်းကျွတ်လပြည့် နံနက်(၁၀)နာရီဝန်းကျင်မှာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် ဦးစည်သူမောင် + ဒေါ်နန်းကြာဖြူ နှင့် အလှူရှင်များမှ "မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်" ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
တာချီလိတ်မြို့ရှိ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုကြောင့် ရရှိလာသော အလှူငွေ စုစုပေါင်း (၂၀၄၁၀၀၀)ကျပ် အား ဆရာတော်ထံ ဆက်ကပ် လှူဒါန်းပြီးနောက် လှူဘွယ်အစုစုအတွက် ရေစက်သွန်းချ၍ တရားတော်နာယူခဲ့ကြသည်။
တာချီလိတ်မြို့တွင် အမှန်တကယ်လိုအပ်သော နေရာများတွင် ယခုလို ဒေသခံ စေတနာရှင်များမှ ပါဝင် လှူဒါန်းလာသည့် အတွက် အခက်အခဲ ဖြစ်ပေါ်သူများအတွက် များစွာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်