ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားသူ ကျောင်းသားများနဲ့ အရပ်သားများ ပါဝင်တဲ့ လူပေါင်း (၉၀၀၀)ခန့်ဟာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကို ပြုလုပ်နေလျက်ရှိပြီး ပြီးခဲ့တဲ့အပတ်က ဟောင်ကောင်၊ Mong Kok ခရိုင်နယ်မြေမှာတော့ အဓိကရုဏ်းကြောင့် ရဲတပ်ဖွဲ့(၁၈)ဦး ဒဏ်ရာရှိပြီး အရပ်သား(၃၃)ဦး ဖမ်းဆီး ထိန်းသိမ်းခံရတယ်လို့ CCTVNews သတင်းဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ရဲတပ်ဖွဲ့ဝင်များဟာ ဆန္ဒပြသူများကို ကြမ်းတမ်းစွာ ပြုမှုခဲ့တယ်လို့ ပြည်သူများက ပြောဆိုနေကြပေမဲ့ ရဲတပ်ဖွဲ့များက ငြင်းဆိုခဲ့ပြီး ဆန့်ကျင်သူများကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံခဲ့ပါတယ်လို့ ဆိုပါတယ်။
ဟောင်ကောင် လုံခြုံရေး အရာရှိ ကတော့ ဆန့်ကျင်သူ ကျောင်းသားတွေ အရေးကို သိမ်မွေ့စွာ ဖြေရှင်းမယ်လို့ ပြောဆိုခဲ့ပြီးနောက် အခုလို ကြမ်းတမ်းတဲ့ အဖြစ်အပျက်တွေဖြစ်ခဲ့တာလို့ သိရပါတယ်။ အခုလို အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ဟောင်ကောင်မှာ ခရီးသွားလာမှုတွေ ရပ်တန့်ခဲ့ပြီး Bus ကား သွားလာမှုကိုလည်း ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။
ဘာသာပြန်။ ။ မင်းသုတ
ref + Photo: cctvnews.cn