တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မှ ကြီးမှူးကျင်းပသည့် "အဘိဓမ္မာအခါတော်နေ့" အထိမ်းအမှတ် ဓမ္မစကြာ အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားအား ယနေ့ အောက်တိုဘာလ(၈)ရက် ညနေ (၄း၃၀)နာရီအချိန်က တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင် ၀တ်ရွတ်အသင်း (၁၄)သင်းထဲမှ ဆုများရရှိသည့် အသင်းများအား တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ အပါအ၀င် တာချီလိတ်မြို့နယ် ဂေါပက ဥက္ကဌ မဏိဇောတဓရ ဦးမောင်လေး၊ ဒေါ်နန်းမိမိလေး (အဆွေတော်မိသားစု ၂၄ နာရီအထူးကုဆေးခန်း) နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သီးခြားဆုအနေဖြင့် အမွှန်းအကောင်းဆုံးဆုအား ပုန်းထွန်(အလက)ကျောင်း ၀တ်အသင်းမှ ရရှိသွားပြီး ဘုရားပင့် အကောင်းဆုံဆုကို အလင်းရောင်ပရဟိတ၀တ်အသင်းမှ ရရှိသွားကြောင်း နှင့် ပြိုင်ပွဲဝင် ၀တ်အသင်းများအား ဆုများ အသီးသီးပေးအပ်ချီးမြှင်ရာတွင် ဆုချီးမြှင့်ငွေမှာ စုစုပေါင်း ကျပ်(၁၁)သိန်းကျော်ရှိကြောင်း သိရှိရသည်။
ဖွင့်ပွဲနှင့် ပြိုင်ပွဲကျင်းပရက်အား အောက်တိုဘာလ(၃)ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲကာလကို (၅)ရက် သတ်မှတ်ကာ တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဆုပေးပွဲအား ယနေ့ သီတင်းကျွတ်လပြည့်နေ့မှာ တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြ့ပီးနောက် ရွှေတိဂုံစေတီရင်ပြင်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းကာ ဆီးမီးတစ်ထောင်ပူဇော်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်