အင်အား ၃.၃ အဆင့်ရှိသည့် ငလျင်သည် ၂၀၁၄ခုနှစ် ဇွန်လ(၉)ရက် မြန်မာစံတော်ချိန် ည (၇း၂၉)နာရီ အချိန်တွင် ထိုင်းနိုင်ငံ ချင်းရိုင်း၌ စတင်လှုပ်ခတ်သွားခဲ့ရာ တာချီလိတ်သို့ လည်း အဖျားခတ်၍ လှုပ်ခတ်လာခဲ့ရာမှာ တာချီလိတ်မြို့သို့ အရောက်တွင် ငလျင်လှုပ်ခတ်မှု အင်အားမှာ (၅.၁)အဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေး website တခုမှ ယခုလို ပုံနှင့်တကွ ဖော်ပြထားတာကို တွေ့ရှိရသည်။ ထိုသို့ ငလျင်လှုပ်ခတ်သွားသည့်အတွက် တာချီလိတ်မြို့ရှိ ပြည်သူများမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိအနေအထားအရ တာချီလိတ်၌ တစ်စုံတစ်ရာ ပျက်ဆီးမှု မရှိကြောင်း သိရှိရသည်။
Update: 9/6/2014 8:15PM
ယခု(9/6/2014 7:29PM) လှုပ်ခတ်သွားသည့် ငလျင်သည် တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်အပြင် ကျိုင်းတုံမြို့ထိ လှုပ်ခတ်သွားခဲ့သော်လည်း လှုပ်ခတ်သွားသည့် ဖြစ်စဉ်များ၏ အနေအထားအရ စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။