ကွတ်ခိုင်၌ ဘိန်းဖြူ အနည်းငယ် ဖမ်းဆီးရရှိ

ကွတ်ခိုင်၌ ဘိန်းဖြူ အနည်းငယ် ဖမ်းဆီးရရှိ
ဇွန် 7, 2014
By Tachileik News Agency

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ဘိန်းဖြူများကို တရားခံနှင့်အတူ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့မှ ဇွန်လ(၆)ရက် နံနက်(၁၀)နာရီ ၀န်းကျင်က ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ကွတ်ခိုင်မြို့ ရပ်ကွက်(၈)အနီး ကွတ်ခိုင် - ကောင်းခါးမြို့သစ်သွား ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့်အတွက် စောင့်ဆိုင်းနေကြစဉ် ကောင်းခါးမြို့သစ်ဘက်မှ ကွတ်ခိုင်ဘက်သို့ လမ်းလျှောက်လာသူ အသက်(၅၀)နှစ်ရှိ ရန်လောက်တဲ့ အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်း၏ ယာဘက်လက်အတွင်း ကိုင်ဆောင်ထားသည့် ခရမ်းရောင် မိုးကာစဖြင့် ပတ်လျက် အနက်ရောင် ကျွတ်ကျွတ်အိတ်ထဲတွင် ဘိန်းဖြူအလေးချိန်(၁၅)ဂရန်ခန့်ပါသည့်  ဆပ်ပြာခွက်(၂)ခွက်ကို တွေ့ရှိရာ အဆိုပါ ဘိန်းဖြူများမှာ စုစုပေါင်း (၃၀)ဂရန်ခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ သက်ဆိုင်ရာမှာ ဘိန်းဖြူများနှင့် လက်ဝယ်တွေ့ရှိရသူ ရန်လောက်တဲ့အား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ)၆၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~