၂၀၁၃ - ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဖြေဆိုမှု အောင်စာရင်းကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၇)ရက် နံနက်ပိုင်းအချိန်တွင် နိုင်ငံတ၀ှမ်းလုံး အတိုင်းအတာအဖြစ် ထုတ်ပြန်ကြေငြာလိုက်ရာ တာချီလိတ်ခရိုင်အနေဖြင့် ယခုနှစ်၏ ဖြေဆိုသူ(၈၁၅)ဦးတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး ဖြေဆိုမှု အောင်မြင်ပြီး ဘာသာအလိုက် ဂုဏ်ထူးရသူအနေဖြင့် (၁၁)ဦးရှိရာ တာချီလိတ်ခရိုင်တစ်ခုလုံးတွင် အောင်ချက်ရာခိုင်နှုန်းမှာ (၁၇.၂၀)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်၏ ၂၀၁၃-၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုတွင် ပါဝင်ဖြေဆိုကြသည့် အထက်တန်းကျောင်းများ အနေဖြင့် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(၀မ်နက်)၊အ.ထ.က(ဟောင်လိတ်)နှင့် အ.ထ.က(မိုင်းကိုး)၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း စသည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် အပြင်ဖြေကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၈၁၅)ဦးရှိကြောင်း သိရသည်။
ဖြေဆိုမှုတွင် အ.ထ.က(တာချီလိတ်)မှ ဖြေဆိုသူ (၁၄၅)ဦး အောင်မြင်သူ(၁၈)ဦး၊ အ.ထ.က(ဆန်ဆိုင်း)တွင် ဖြေဆိုသူ (၆၇)ဦး အောင်မြင်သူ (၄)ဦး၊ အ.ထ.က(ဟောင်လိတ်)တွင် ဖြေဆိုသူ (၆၂)ဦး အောင်မြင်သူ (၄)ဦး၊ အ.ထ.က(မိုင်းကိုး)တွင် ဖြေဆိုသူ(၄၆)ဦး အောင်မြင်သူ(၉)ဦး၊ အ.ထ.က(တာလေ)တွင် ဖြေဆိုသူ (၈၃)ဦး အောင်မြင်သူ (၁၇)ဦး၊ အ.ထ.က(၀မ်နက်)တွင် ဖြေဆိုသူ (၉)ဦး အောင်မြင်သူမရှိ၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖြေဆိုသူ(၁၄၀)ဦး အောင်မြင်သူ(၂၀)ဦး နှင့် အပြင်ဖြေသူ (၂၆၃)ဦးနှင့် အောင်မြင်သူ (၆၉)ဦး စုစုပေါင်း ဖြေဆိုအောင်မြင်သူ (၁၄၀)ဦးရှိကြောင်း သိရှိရသည်။
ယခုနှစ်ဖြေဆိုမှုများ၏ အောင်မြင်သူ (၁၄၀)ဦးတွင် နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာအလိုက် ဂုဏ်ထူးရှင် (၁၀)ဦး စုစုပေါင်း ဂုဏ်ထူးရှင် (၁၁)ဦးပေါ်ထွက်ခဲ့ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာရင်းပေးသွင်းသူ မြန်မာ တစ်နိုင်ငံလုံးအရ ငါးသိန်းရှစ်သောင်းကျော် ရှိခဲ့ပြီး စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ လေးသောင်းကျော် ရှိခဲ့ကြောင်းနှင့် ပြီးခဲ့သော တာချီလိတ်ခရိုင်၏ ၂၀၁၂ - ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုမှုတွင် ဖြေဆိုခဲ့ကြသူ (၆၄၁)ဦးရှိပြီး အောင်မြင်သူမှာ(၈၉)ဦးရှိကာ တစ်မြို့နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ (၁၃.၈၈)ဖြစ်ပြီး (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး (၁)ဘာသာဂုဏ်ထူးရှင်(၈)ဦး ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အောင်စာရင်းများကိုကြည့်ရန်