ပဲခူးဆရာတော်မှ "ဘယ်အချိန် အရေးကြီးဆုံးလဲ"တရားတော် တာချီလိတ်၌ ဟောကြား

ပဲခူးဆရာတော်မှ "ဘယ်အချိန် အရေးကြီးဆုံးလဲ"တရားတော် တာချီလိတ်၌ ဟောကြား
ဧပြီ 1, 2014
By Tachileik News Agency
တာချီလိတ်မြို့ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာတရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၆)ညတိုင်တိုင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် တရားပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ မတ်လ(၂၆)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့ထိ ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့ ဧပြီလ(၁)ရက်နေ့တွင် ပဲခူးဆရာတော် ဘဒ္ဒန္တတေဇောသာရ (မဇ္ဈိမနိကာယပါရဂူ၊ ဓမ္မကထိက၊)သည် "ဘယ်အချိန်အရေးကြီးဆုံးလဲ"တရားတော် ခေါင်းစဉ်ဖြင့် ဟောကြားတော်မူသည်။

ပဲခူးဆရာတော်သည် အဆိုပါ တရားပွဲတွင် ဧပြီလ(၁)ရက် နှင့် ဧပြီလ(၂)ရက် စုပေါင်း နှစ်ညတိုင်တိုင် တရားတော်ဟောကြားတော်မူမှာဖြစ်ပြီး အဆိုပါ တရားပွဲ နှစ်ည၏ အလှူရှင်မှာ ကွယ်လွန်သူမိဘအား ရည်စူး၍ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ မန်းမန်းဆေးဆိုင် မိသားစုနှင့် ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူး၍ ပါလျှံ(၃)နေ ဦးအောင်အောင် + ဒေါ်အားလန် မိသားစုတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါတရားပွဲတွင် ပဲခူးဆရာတော်မှ ငွေရတု၊ ရွှေရတု စသည့် ရတု အဓိပ္ပါယ်များကို ရှင်းလင်းဟောကြားပြီး လူသားတိုင်းအတွက် မည်သည့်အရာက အရေးကြီးဆုံးဖြစ်ကြောင်း စသည့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်ဟောကြားတော်မူသည်။

ယနေ့ ဧပြီလ(၁)ရက် ညတရားပွဲတွင် တရားနာရောက်ရှိလာသော ဧည့်ပရိသတ်များအား အလှူရှင်များမှ ရေသန့်ဗူးပေးဝေခြင်း နှင့် ကျန်းမာရေးနှင့် ညီညွှတ်သည့် Fresh-D ဓါတ်ဆားမှုန့်အထုပ်များကိုလည်း ပေးဝေ၍ ဒါနပြုကြသည်။

ယခုကျင်းပပြုလုပ်သော (၁၆)ညတိုင်တိုင် တရားပွဲ၏ ဧပြီလ(၇)ရက်နှင့် ဧပြီလ(၈)ရက်နေ့တို့တွင် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလမှ ကြွရောက်၍ နှစ်ညတိုင်တိုင်တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ပဲခူးဆရာတော်မှ "ဘယ်အချိန် အရေးကြီးဆုံးလဲ"တရားတော် ဟောကြား

49 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~