အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ကျန်းမာရေးအထူးကု ဒေါက်တာမယ်ရီ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွင် ယခု ၂၀၁၄ခုနှစ်အတွင်း ဆယ်ကျော်သက် တော်တော်များများမှ သန်းကူးသောကြောင့် လာရောက်ကုသကြသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းဆန်းတစ်ပုဒ်ကို ထိုင်းနိုင်ငံ ထိုင်းရတ်သတင်းစာမှ ယခုအပတ်ထဲမှာ ဖော်ပြလိုက်တာကို သိရှိရသည်။
ဆယ်ကျော်သက်အရွယ်များ အဓိက သန်းကူးခြင်း၏ အကြောင်းအရင်းမှာ အဆိုပါ ဆယ်ကျော်သက်ကလေးများသည် Facebook ကို သုံးစွဲနေကြပြီး ခေတ်အလိုက် Facebook ပေါ်ကို ဓါတ်ပုံရိုက်၍ တင်ကြရာမှ များသောအားဖြင့် တစ်ယောက်နှင့် တစ်ယောက် ခေါင်းချင်းဆိုင်၍ ဓါတ်ပုံရိုက်ပြီး တင်ကြတဲ့အတွက် အခုလို သန်းကူးတာဖြစ်ကြောင်းနှင့် ယခုလိုဖြစ်ရပ်မျိုး အမေရိကန်လူငယ်များ အကြားမှာ အဖြစ်များကြောင်းသိရသည်။
အဲ့ဒီအတွက် မိဘနှင့်ဆရာများကို ဒေါက်တာမယ်ရီက ဆယ်ကျော်ကလေးများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဦးခေါင်းသန့်ရှင်းအောင်လုပ်ဖို့ကို သွန်သင်ဆုံးမပေးကြဖို့ အကြံပြုလိုက်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]