မိုင်းယုမြို့နယ်ခွဲ၌ (၂၄)နာရီ မီးလင်းရေးအတွက် ရေအားလျှပ်စစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

မိုင်းယုမြို့နယ်ခွဲ၌ (၂၄)နာရီ မီးလင်းရေးအတွက် ရေအားလျှပ်စစ်ဖွင့်ပွဲ ကျင်းပပြုလုပ်
မတ် 21, 2014
By Tachileik News Agency
           (၆၉)နှစ်မြောက် တပ်မတော်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲတွင်  ၂၄ နာရီ မီးရရှိရေး အတွက်      ရေအားလျှပ်စစ် ဖွင့်ပွဲကို   မတ်  (၁၉) ရက်၊ နံနက် (၉) နာရီက  မြို့မရပ်ကွက် ၊ ဘောလုံးကွင်းအနီး၌  ကျင်းပပြုလုပ်ရာ   ပြည်နယ်အစိုးရအဖွဲ့မှ  ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး  ဦးစိုင်းလှဝင်း၊  ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး  ဦးစိုင်းဆာလူ ၊ နမ့်ပန်းဒေသ အုပ်ချုပ်ရေးမှူး    ဦးအိုက်ပန်း နှင့်  မိုင်းဖြတ်နဂါး သတ္တုတူးဖော်ရေးကုမ္မဏီ  မန်နေဂျင်းဒါရိုက်တာ  ဦးစိုင်းစိန်ခမ်းနွဲ့    တို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး   ဦးစိုင်းလှဝင်း  က    အဖွင့်အမှာစကား ပြောကြားပြီး၊ မိုင်းဖြတ်နဂါး သတ္တုတူးဖော်ရေး ကုမ္မဏီ  ဒါရိုက်တာ  ဦးထွန်းရွှေ က    ရေအားလျှပ်စစ် သွယ်တန်းခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
       ထို့နောက် ဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး  ဦးစိုင်းလှဝင်း၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး  ဦးစိုင်းဆာလူ ၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ နမ့်ပန်းဒေသအုပ်ချုပ်ရေးမှူး  ဦးအိုက်ပန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ဆန်းဝင်း နှင့် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်မြင့်  ထံသို့  ကုမ္မဏီမှတာဝန်ရှိသူများက ပေးအပ်ပြီး၊  ဒေသခံတိုင်းရင်းသား  ဦးနန်ပန်က    ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
 အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းဖြတ်နဂါးသတ္တုတူးဖော်ရေး ကုမ္မဏီ မှ      အထူးဒေသ၊ ကျိုင်းခမ်းမြို့  ရေအားလျှပ်စစ်စက်ရုံမှတဆင့်  100 kva  နှင့် 160 kva    စက်ရုံငယ်များ ပြန်လည်တည်ဆောက်ကာ မိုင်းယုမြို့ပေါ်ရှိ  ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များသို့   လျှပ်စစ်ဓာတ်အား (၂၄)နာရီ  ဖြန့်ဝေသွားမည်ဖြစ်ပြီး၊  ၂၀၁၄ခုနှစ် ၊ နှစ်ကုန်ပိုင်းတွင် မိုင်းယောင်းမြို့နယ်သို့  ဆက်လက်သွယ်တန်း ဖြန့်ဖြူး ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
ဓါတ်ပုံ/သတင်း။     ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~