၆၉ နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်၌ ကျောက်ချောလမ်းသစ် ဖွင့်လှစ်

၆၉ နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်၌ ကျောက်ချောလမ်းသစ် ဖွင့်လှစ်
မတ် 25, 2014
By Tachileik News Agency
(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော
တာချီလိတ်မြို့နယ်၊ ရန်ကုန်-ဟွေတာ ကျေးရွာ ချင်းဆက် ကျောက်ချောလမ်းသစ် ဖွင့်ပွဲကို ယနေ့ မတ်လ (၂၅)ရက် နံနက် (၉)နာရီအချိန်က အဆိုပါလမ်းထိပ် မုခ်ဦးတွင် ပြုလုပ်သည်။

ရှေးဦးစွာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းက လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသ ခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဦးစီးမှူး ဦးအောင်ထွန်း နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းသစ်အားကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါလမ်းသည် အရှည်ပေ (၂၆၄၀) နှင့် အကျယ် (၁၂ )ပေရှိပြီး ငွေကျပ် (၂၀၃.၉၀ )သိန်း အကုန်အကျခံကာ ၂၀၁၄ခုနှစ် ဇန်န၀ါရီ(၁)ရက်နေ့က စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်း ဖွင့်လှစ်ခြင်းကြောင့် ဟွေတာကျေးရွာနှင့် ရန်ကုန်ကျေးရွာ ဒေသခံပြည်သူတို့ သည် မိုးတွင်းကာလများမှာ လွယ်ကူချောမွေ့စွာဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။       ။ မောင်ယဉ်ကျေး
သတင်း။       ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~