ထိုသို့ သွားရောက်ရာတွင် တာချီလိတ်မှ တောင်ကြီးမြို့အထိကို လမ်းခရီးအနည်းငယ် ကြမ်းသည့်အတွက် အကြမ်းခံဆိုင်ကယ်များဖြင့် သွားရောက်မှာဖြစ်ပြီး တောင်ကြီးမှတဆင့် နေပြည်တော်သို့ လက်ရှိ ဆိုင်ကယ်များဖြင့် သွားရောက်မည်ဖြစ်ရာ Eastern Eagle Riders MC မှ တစ်ဦးလျှင် ဆိုင်ကယ် (၂)စီးနှုန်းဖြင့် ထွက်ခွာမှာ ဖြစ်ကြောင်း သိရသည်။
"တာချီလိတ် - တောင်ကြီး လမ်းက နည်းနည်းကြမ်းတယ်ဆိုတော့ ကျွန်တော်တို့ လက်ရှိစီးနေတဲ့ ဆိုင်ကယ်ကို ကားနဲ့တောင်ကြီးထိ တင်သွားမှာပါ၊ တာချီလိတ် - တောင်ကြီးကို အကြမ်းခံ ဆိုင်ကယ်နဲ့ သွားပြီး တောင်ကြီးရောက်မှ ဆိုင်ကယ်ပြန်ပြောင်းစီးပြီး နေပြည်တော်ကို ဆက်ခရီးနင်ကြမှာဖြစ်ပါတယ်"ဟု Eastern Eagle Riders MC မှ အဖွဲ့ဦးတစ်ဦးဖြစ်သူ King Eagle မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
အဆိုပါအဖွဲ့သည် နေပြည်တော်၌ ကျင်းပပြုလုပ်ဖွင့်လှစ်မည့် Sea Game ဖွင့်ပွဲအပြီးမှာ နေပြည်တော်မှ မကွေး၊ ကျောက်ပန်တောင်း၊ ပုပ္ပား၊ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာဆန်း မိုင်းတုံ၊ မိုင်းဆတ် ထိုမှ တဆင့် တာချီလိတ်သို့ ပြန်လည် ၀င်ရောက်လာမှ ဖြစ်ပြီး အဆိုပါ ခရီးစဉ်များ၏ ကာလမှာ ဒီဇင်ဘာလ (၇)ရက်မှ ဒီဇင်ဘာလ (၂၀)ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။