လွယ်တော်ခမ်း ကျေးရွာအုပ်စု၌ နှစ်ရက်ဆက်တိုက် မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိ

လွယ်တော်ခမ်း ကျေးရွာအုပ်စု၌ နှစ်ရက်ဆက်တိုက် မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိ
ဒီဇင်ဘာ 15, 2013
By Tachileik News Agency
၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၄)၊ ညနေ(၄း၄၅)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအနီး တာချီလိတ် - မိုင်းဆတ်သွားကားလမ်းမပေါ်၌ လမ်းလျှောက်လာသူ အားကျုံးxxxအား မသင်္ကာ၍ စစ်ဆေးရှာဖွေရာမှ ဘိန်းဖြူမုန့် (၀.၅)ဂရမ်စီပါသည့် (၂)ဗူး၊ စုစုပေါင်း (၁)ဂရမ်အား ရှာဖွေတွေ့ရှိသည့်အတွက် မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အားကျုံးxxxအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၇၀/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ပ)အရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာလ(၁၅)ရက် နံနက်(၉)နာရီအချိန်မှာလည်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ပါဝင်သည့် အဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်အနီး ချောင်းကူးတံတားပေါ်မှာ စောင့်ဆိုင်းနေစဉ် ပါကွေ့ရွာဘက်မှ တာချီလိတ်ဘက်သို့ လိယုံxxx မောင်းနင်လာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ အလေးချိန် (၆.၇)ဂရမ်အား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ လိယုံxxxအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၇၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~