ဇန်းမွန်အာခါဟိုတယ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ အားကစားသမားများ စာရင်းပေးသွင်းနိုင်

ဇန်းမွန်အာခါဟိုတယ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ အားကစားသမားများ စာရင်းပေးသွင်းနိုင်
နိုဝင်ဘာ 25, 2013
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အာခါနှစ်သစ်ကူးပွဲတော်အား ကြိုဆိုဂုဏ်ပြုသော အစီအစဉ်နှင့် ဇန်းမွန်အာခါဟိုတယ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖိတ်ခေါ်ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲအား ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်း၌ ကျင်းပပြုလုပ်မှာဖြစ်ရာ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း နှင့် အရှေ့ပိုင်း တို့မှ ဂေါက်သီးရိုက် အားကစားသမားများအား ဖိတ်ခေါ်ထားရှိပြီး အဆိုပါ ဒေသများမှ ဂေါက်သီးရိုက် အားကစားသမားများ အနေဖြင့်လည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲအား ဒီဇင်ဘာလ (၁၁)ရက် နှင့် (၁၂)ရက်နေ့ထိ နှစ်ရက်တိတိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆုပေးပွဲနှင့် ညစာစားပွဲကိုတော့ ဒီဇင်ဘာလ (၁၂)ရက်နေ့ ည (၆း၃၀)နာရီအချိန်မှာ ဇန်းမွန်အာခါဟိုတယ်၌ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၌ ဆုများအသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ရာ
Hole in One ဆု - ကျပ်ငွေ သိန်း(၂၀)
ပထမဆု - ကျပ်ငွေ (၁၂)သိန်း
ဒုတိယဆု - ကျပ်ငွေ (၆)သိန်း
တတိယဆု - ကျပ်ငွေ (၄)သိန်း
စတုတ္ထ/ပဉ္စမ/ဆဋ္ဌမ/သတ္တမ/အဋ္ဌမ/န၀မ နှင့် ဒဿမဆုများကို - ကျပ်ငွေ (၃)သိန်း
နှစ်သိမ့်ဆု (၄)ဆုအား - ကျပ်ငွေ  (၂)သိန်း
ကျင်းနှင့်အနီးဆုံးရိုက်ချက် (၁)ဆု - ကျပ်ငွေ (၁)သိန်း
အဝေးဆုံးရိုက်ချက် (၁)ဆု - ကျပ်ငွေ (၁)သိန်း
စည်းနှင့်အနီးဆုံးရိုက်ချက် (၁)ဆု - ကျပ်ငွေ (၁)သိန်း
စုစုပေါင်း ဆု (၁၉)ဆုကို ပေးအပ်ချီးမြှင့်မည်ဖြစ်ရာ စုစုပေါင်း စုကြေးငွေမှာ ကျပ် (၇၆)သိန်းရှိမှာ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ နေရာဒေသမရွေး အမြို့မြို့အနယ်နယ်များမှ ဂေါက်သီးရိုက် အားကစားသမားများအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်လိုပါက ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ စာရင်းပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ -
ဦးသက်ဇော်ဝင်း
မြန်မာဖုန်း။   ။ 09-36175911
ထိုင်းဖုန်း။     ။ 080-1272081
ဦးမြင့်ဆွေ
မြန်မာဖုန်း။   ။ 09-5240152
ထိုင်းဖုန်း။     ။ 088-4185201
ဦးစိုင်းရီတစ်(ပ်)
မြန်မာဖုန်း။   ။ 09-5240588
ထိုင်းဖုန်း။     ။ 081-8847073

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~