တာချီလိတ်မြို့နယ် ၀မ်မိုင်ရွာထဲ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ် ၀မ်မိုင်ရွာထဲ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သြဂုတ် 3, 2013
By Tachileik News Agency

သြဂုတ်လ ၂ရက်နေ့ ညနေ ၃နာရီ အချိန်က တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာထဲ၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဆီခဲ၊ ဘိန်းဖြူမှုန့်များ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

{ ဖမ်းဆီးသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ }

တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်သတင်းအရ ၀မ်မိုင်ရွာထဲရှိ နေအိမ်တစ်အိမ်အား ၀င်ရောက်ရှာဖွေရာမှ ကာလတန်ဖိုးငွေ ကျပ် ၃၂၀သိန်းခန့်ရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ပြား၊ ကျပ် ၈.၈၄သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းဆီခဲ ၀.၆၈ကီလို၊ ကျပ် ၃၂.၅သိန်းခန့် တန်ဖိုးရှိ  ဘိန်းစိမ်း ၃.၂၅ကီလို၊  ဘိန်းဖြူ ၂ ဂရမ် နှင့် ကဖင်း ၂.၃ကီလိုတို့ကို တရားခံနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော အသက် ၄၄နှစ်အရွယ်ရှိ တရားခံ အမျိုးသားတစ်ဦးအား တာချီလိတ်မြို့နယ်ရဲစခန်းမှ မယ (ပ) ၈၇/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။