မိုင်းဖုန်း(ခ)ကျောင်းမိသားစု၏ ပထမအကြိမ် B.E.G.E PROJECT နှင့် C.C.A + သင်ပြနည်းများဆိုင်ရာ လုပ်ငန်းဆွေးနွေး

မိုင်းဖုန်း(ခ)ကျောင်းမိသားစု၏ ပထမအကြိမ် B.E.G.E PROJECT နှင့် C.C.A + သင်ပြနည်းများဆိုင်ရာ လုပ်ငန်းဆွေးနွေး
ဇူလိုင် 8, 2013
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျောင်းမိသားစု၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမအကြိမ် B.E.G.E PROJECT နှင့် C.C.A + သင်ပြနည်းများဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဝှေလေလန် အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၇.၇.၂၀၁၃) မနက် ၈နာရီခွဲမှာ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းအုပ်စုမှူး ဝှေလေလန်မူလွန်ကျောင်းအုပ်ကြီး ဦးမြင့်ဝင်းလှ အနေဖြင့် ဆွေးနွေးပွဲဆိုင်ရာ ဖွင့်အမှာစကားပြောကြားရာ တစ်နှစ်တာ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေး စတဲ့ လုပ်ငန်းတာဝန်များကို စနစ်တကျ ဆောင်ရွက်သွားကြရန်နှင့် ဆရာဆရာမအသစ်များအနေနဲ့ မိမိ ကျောင်းအုပ်စု၏ အစဉ်အလာကောင်းများကို လိုက်နာဆောင်ရွက်သွားကြဖို့ မှာကြားခဲ့ကြောင်း၊ နောက်လ ဆွေးနွေးပွဲများမှာ B.E.G.E PROJECT နှင့် C.C.A + သင်ကြားရေးဆိုင်ရာ အခန်းကဏ္ဍများကို ကျောင်းအလိုက် ဆွေးနွေးရန် စီစဉ်ထားရှိကြောင်း သိရသည်။

ယနေ့ဆွေးနွေးပွဲမှာ အထက်မြန်မာပြည်မှာ ယခုနှစ်မှ စတင်သင်ကြားခွင့်ရရှိခဲ့သော C.C.A + ဘာသာရပ်တစ်ခုဖြစ်သည့် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ဆိုင်ရာ ဘာသာရပ် လမ်းညွှန်ချက်များနှင့် ယနေ့အထိ သင်ကြားမှုအတွေ့အကြုံနှင့် သိကောင်းစရာများကို မြို့နယ်အဆင့် သင်တန်းတက်ရောက်ခဲ့သူ မူလွန်ပါခုတ်ကျောင်းအုပ်ကြီး ဒေါ်မြင့်ရွှေနှင့် မူလွန်ဝှေလေလန်မှ ဆရာမဒေါ်ဥမ္မာလှိုင်တို့က ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြီးနောက် တက်ရောက်လာသည် ကျောင်းအုပ်ကြီးများနှင့် လက်ထောက်ဆရာ/ဆရာမများက မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးပြီး  အုပ်စုမှူး ဦးမြင့်ဝင်းလှက ရှင်းလင်းညှိနှိုင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းဆွေးနွေးပွဲ ပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။         ။မြတ်မျိုးမြင့်မာန်