မြန်မာ့လေကြောင်းမှ တာချီလိတ်မြို့နယ်အတွက် လေယာဉ်လက်မှတ်ခနှုန်းထားများ ပြောင်းလဲ

မြန်မာ့လေကြောင်းမှ တာချီလိတ်မြို့နယ်အတွက် လေယာဉ်လက်မှတ်ခနှုန်းထားများ ပြောင်းလဲ
ဇွန် 3, 2013
By Tachileik News Agency

တာချီလိတ်မြို့ရှိ ခရီးသည်များအတွက် ပြည်တွင်း မြန်မာ့လေကြောင်းလိုင်း မှ  ဇွန်လ(၁)ရက်နေ့က စတင်ပြီး လေယာဉ်လက်မှတ်ခနှုန်းထားများကို ခရီးသည်များ သက်သာချောင်ချီမှု ရှိစေရန်အတွက် လျော့ချပြင်ဆင် သတ်မှတ်ပေးလိုက်သည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် - ရန်ကုန် သို့ (၉၀၀၀၀)ကျပ်မှ (၈၁၀၀၀)ကျပ်၊ တာချီလိတ် - မန္တလေး (၇၅၀၀၀)ကျပ်မှ (၆၇၅၀၀)ကျပ်၊ တာချီလိတ် - ဟဲဟိုး (၆၅၀၀၀)ကျပ်မှ (၅၈၅၀၀)ကျပ်၊ တာချီလိတ် - နေပြည်တော် (၇၅၀၀၀)ကျပ် မှ (၆၇၅၀၀)ကျပ်၊ တာချီလိတ် -  လားရှိုး (၇၅၀၀၀)ကျပ် မှ (၆၇၅၀၀)ကျပ်၊ တာချီလိတ် - လွိုင်ကော် (၈၀၀၀၀)ကျပ် မှ (၇၂၀၀၀)ကျပ် နှင့် တာချီလိတ် - ကျိုင်းတုံ (၂၀၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်ထိ ဈေးနှုန်းများကို အသီးသီး လျော့ချသတ်မှတ်ပေးပြီး (၁၂)နှစ်အောက် ကလေးသူငယ်များကို သတ်မှတ်ဈေးနှုန်း၏(၇၅%) နှင့် (၂)နှစ်အောက် ကလေးသူငယ်များကို (၁၀%)နှုန်း သတ်မှတ်ပေးထားကြောင်း သိရှိရသည်။