မြန်မာနိုင်ငံဂီတအစည်းအရုံးကို တာချီလိတ်မြို့နယ်အတွက် ဖွဲ့စည်းနိုင်ရန် တာချီလိတ်မြို့ရှိ တိုင်းရင်းသား အဆိုတော်များမှ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဂီတအစည်းအရုံးကို တာချီလိတ်မြို့နယ်အတွက် ဖွဲ့စည်းနိုင်ရန် တာချီလိတ်မြို့ရှိ တိုင်းရင်းသား အဆိုတော်များမှ တွေ့ဆုံဆွေးနွေး
ဇွန် 2, 2013
By Tachileik News Agency

မြန်မာနိုင်ငံဂီတအစည်းအရုံးကို တာချီလိတ်မြို့နယ်အတွက် ဖွဲ့စည်းနိုင်ရန် ယနေ့ နေ့လည်(၂း၄၅)နာရီက တာချီလိတ်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၂)တံတား အနီးရှိ ရွှေဝါနဒီစားသောက်ဆိုင်မှာ မြို့ခံ ဂီတပညာရှင်များ တိုင်းရင်းသားအဆိုတော်များ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းရင်းသားအဆိုရှင်များနှင့် တေးရေးဆရာများ အပါအ၀င် ရှမ်း၊ အာခါ နှင့် လားဟူဂီတပညာရှင်များကိုယ်စား တက်ရောက်လာခဲ့သူ စုစုပေါင်း(၁၀)ဦးရှိပြီး ဆွေးနွေးမှုတွင် ရှမ်းအဆိုတော် စိုင်းမွန်းကျိန်(ကိုစိန်လွင် - ဒု-လ၀ကမှူး)မှ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာနိုင်ရန်အတွက် ရှင်းလင်းပြောကြားသွားပြီး တက်ရောက်လာသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြသည်။ ယခုပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြီးသည့်နောက် လာမည့် ဇွန်လ(၉)ရက်နေ့ တနင်္ဂနွေနေ့မှာ ယခုလို အားလုံး ပြန်လည်တွေ့ဆုံကြပြီး တာချီလိတ်မြို့ အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး အလုပ်အမှုဆောင်များကို အတည်ပြု ရွေးချယ်သွားမှာဖြစ်ကြောင်း သိရှိရသည်။