တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်၌ အာခါတိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ဇွန်လ(၂၆)ရက်၊ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပြီး သင်တန်းကာလကိုတော့ မေလ(၂၄)ရက်နေ့မှ ဇွန်လ(၂၄)ရက်နေ့ထိ ရက်(၃၀) သတ်မှတ်ကာ သင်ကြားပေးတာဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တာချီလိတ်မြို့နယ်မှ အာခါတိုင်းရင်းသား (၂၀)ဦးနှင့် လာအိုနိုင်ငံမှ အာခါတိုင်းရင်းသား (၁၈)ဦး စုစုပေါင်း(၃၈)ဦးတို့ လာရောက် သင်ယူတာဖြစ်ပြီး တာချီလိတ်မြို့နယ်မှ အာခါတိုင်းရင်းသား (၂၀)ဦးကို ဆရာ ဦးယာမဲ မှ သင်ကြားပို့ချပေးတာဖြစ်ပြီး လောနိုင်ငံမှ အာခါတိုင်းရင်းသား(၁၈)ဦးကို ဆရာ အားဂူး နှင့် ဆရာ အားချီး တို့က သင်ကြားပို့ချပေးကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ဦးအာဇီး(အာခါဈေး)၊ ဦးချစ်ထူ(ရှင်းမန်ရွှေဆိုင်)၊ ဦးအာမဲ(ဇန်းမွန်အာခါဟိုတယ်)၊ ဦးအားလယ်၊ ဦးထွန်းအောင် နှင့် ဦးလော်ဖူ တို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းသား/သူ (၃၈)ဦးအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ယူကြပြီး အခမ်းအနား ပြီးမြောက်စေခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အာခါတိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု သင်တန်းကို ဆက်လက် ပို့ချ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းနေ့ရက်များကို ဇန်းမွန်အာခါဟိုတယ်တွင် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်