တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ ဖေဖော်ဝါရီ(၂၅)တွင် စာပေဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရ

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ ဖေဖော်ဝါရီ(၂၅)တွင် စာပေဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရ
ဖေဖော်ဝါရီ 14, 2013
By Tachileik News Agency

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပမှာဖြစ်တဲ့ စာပေဟောပြောပွဲကို   ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်နေ့မှာ စာရေးဆရာ/မ (၃)ဦးဖြင့် ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ(၂၅)ရက်နေ့ နံနက်ပိုင်းမှာ စာရေးဆရာအသင်းရုံးဖွင့်ပွဲကို ပြုလုပ်မှာဖြစ်ပြီး ည(၇)နာရီမှာ စာပေဟောပြောပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ဟောပြောမည့် စာရေးဆရာ/မများမှာ ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ နေ၀င်းမြင့် နှင့် ဆရာမ ခင်ခင်ထူးတို့ပဲ ဖြစ်ကြပါတယ်။

ယခုပြုလုပ်မဲ့ စာပေဟောပြောပွဲအကြိမ်မှာ တာချီလိတ်မြို့နယ်စာရေးဆရာအသင်းအနေဖြင့် (၅)ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ၂၀၀၀ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။