တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန်ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်း လူထုတရားရုံးက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချမှတ်လိုက်ပါတယ်။
စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးဖြစ်တဲ့ ထိုင်းနိုင်ငံက စိုင်းဆန်ခမ်း၊ နိုင်ငံမဲ့ ယီလိုင်းနဲ့ လာအိုနိုင်ငံသား ဂျဆီးကား တို့ဟာ အယူခံကြပေမယ့် အယူခံငြင်းပယ်ခံရတာကြောင့် သတ်မိန့်ကို ပြန်လည်သုံးသပ်ဖို့ လူထုတရား တရားရုံးချုပ်ကို ပေးပို့ခဲ့ရာမှာ တရားရုံးချုပ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ပြီး ဆေးထိုးသတ်ဖို့ ဒီအမိန့်ကို ချမှတ်ခဲ့တာလို့ တရုတ် သတင်းစာမှာ ရေးပါတယ်။
ကွပ်မျက်တာကို ကူမင်းပြည်သူ့အစိုးရရှေ့နေေ
၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်ထဲက တရုတ်သင်္ဘော ၂ စင်းက သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်ရာမှာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက ရှာဖွေခဲ့ရာမှာ လာအိုနိုင်ငံမှာ ၂၀၁၂ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ကို ရုံးတင်စစ်ဆေးရာမှာ ဖြောင့်ချက်ပေးခဲ့တဲ့အတွက် ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့မှာ စိုင်းနော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို သေဒဏ်စီရင်ခဲ့တာလည်း ဖြစ်ပါတယ်။
စိုင်းနော်ခမ်းကို ဖမ်းဆီးမခံရခင်မှာ ထိုင်းနိုင်ငံအစိုးရက ၀ရမ်းထုတ်ပြန်တဲ့ မူးယစ်ရာဇာစာရင်းမှာ ပါရှိခဲ့ပါတယ်။
မှတ်ချက်။ ။ ဒီဗွီဘီ၊ ( ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃ ) မှ သတင်းအား ပြန်လည်ဖော်ပြပါသည်။