နဂါးနှစ်ကောင်ဆရာတော်မှ ဆောက်လုပ်လှူဒါန်းထားသော ခုတင်(၂၀၀)ဆံ့ ဓမ္မသီရိဆေးရုံကြီး

နဂါးနှစ်ကောင်ဆရာတော်မှ ဆောက်လုပ်လှူဒါန်းထားသော ခုတင်(၂၀၀)ဆံ့ ဓမ္မသီရိဆေးရုံကြီး
ဒီဇင်ဘာ 9, 2012
By Tachileik News Agency

ဓမ္မသီရိ ဆေးရုံကြီးအား နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. ကျေးဇူးတော်ရှင် နဂါးနှစ်ကောင်ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ တန်ဘိုးငွေ ကျပ်သိန်းပေါင်း(၄)သောင်း အကုန်အကျခံကာ ဆောက်လုပ်၍ နိုင်ငံတော်သို့ လှူဒါန်းထားသော ဆေးရုံကြီး တစ်ခုဖြစ်ပါတယ်။

နဂါးနှစ်ကောင်ဆရာတော်မှ ဆောက်လုပ်လှူဒါန်းထားသော ဆေးရုံကြီးကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၉)ရက် နံနက်(၁၀း၃၀)နာရီမှာ နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်ဆေးရုံဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်အရာရှိ အကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ဆေးရုံကြီးသည် ခုတင်(၂၀၀)ဆံ့သော ဆေးရုံကြီးဖြစ်ပြီး ဆေးရုံကြီး၏ ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၄)သောင်းဖြစ်ကြောင်း သိရှိရပါတယ်။