ပညာရေး ဘာသာရပ် အသစ်တစ်ခုဖြစ်သော အခြေခံစိုက်ပျိုးရေးပညာ သင်ကြားမှုအတွေ့အကြုံ နှင့် စီစီအေ ကျောင်းမိသားစုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲကို ဝှေလေလန် မူလတန်းလွန်ကျောင်း တွင် ပြုလုပ်

ပညာရေး ဘာသာရပ် အသစ်တစ်ခုဖြစ်သော အခြေခံစိုက်ပျိုးရေးပညာ သင်ကြားမှုအတွေ့အကြုံ နှင့် စီစီအေ ကျောင်းမိသားစုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲကို ဝှေလေလန် မူလတန်းလွန်ကျောင်း တွင် ပြုလုပ်
နိုဝင်ဘာ 17, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် စီစီအေ ကျောင်းမိသားစုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲနှင့်  မူလတန်းမှ အလယ်တန်းထိ အတန်းလိုက် အခြေခံစိုက်ပျိုးရေးပညာ ဘာသာရပ်သင်ကြားနေမှု အတွေ့အကြုံများကို ဆွေးနွေးကြကြောင်း သိရှိရပါသည်။

    တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် မိုင်းဖုန်း(ခ)ကျောင်းမိသားစု  စီစီအေ ကျောင်းမိသားစုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲ အခမ်းအနားအား နိုဝင်ဘာ(၁၇)ရက်နေ့ နံနက်(၉)နာရီက ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့ပါသည်။

{ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှ}

အခမ်းအနားသို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းမှ ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှ ဦးဆောင်သော အုပ်စုတွင်းကျောင်းအုပ်ကြီးများနှင့် လက်ထောက်ဆရာ ဆရာမများတက်ရောက် ဆွေးနွေးခဲ့ပါသည်။

    ယခုဆွေးနွေးပွဲတွင် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တစ်လျှောက် ၂၀၁၂ခုနှစ် နိုဝင်ဘာလ(၂၅)ရက် အတွင်း စီစီအေနည်းဖြင့်သင်ကြားခဲ့သည့် သိပ္ပံဘာသာရပ် သင်ပြနည်းနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာ သုံးခဲ့မှုများအား ကျောင်းအလိုက် ဆွေးနွေးခဲ့ကြပါသည်။

    ထို့ပြင် နိုဝင်ဘာလတွင် လက်ခံရရှိခဲ့သော မူလတန်းမှအလယ်တန်းထိ အတန်းလိုက် အခြေခံစိုက်ပျိုးရေးပညာ သင်ကြားနေမှု အတွေ့အကြုံများအား ကျောင်းအလိုက် လက်တွေ့သင်ကြားသင်ယူမှု ဆောင်ရွက်နေမှုဆိုင်ရာ အားနည်းချက်အားသာချက်များကို               ဆွေးနွေးခဲ့ကြပါသည်။ ကျောင်းအုပ်စုမှူးဦးမြင့်ဝင်းလှ က ဆွေးနွေးချက်များကို နိဂုံးချုပ် အကြံပြု၍  အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

                                    သတင်းပေးပို့သူ။         ။မြတ်မျိုးမြင့်မာန်

ပုံများကိုကြည့်ရန်