၂၀၁၂ခုနှစ် အောက်တိုဘာ (၂၅)ရက်နေ့မှာ တာချီလိတ်မြို့ ရှိ ဟုတ်တက် တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကြီးမှူးကျင်းပတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပခြင်းနဲ့ ဆုပေးပွဲ အခမ်းအနားကို Relax စားသောက်ဆိုင်မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။
ပြိုင်ပွဲနဲ့ပတ်သက်ပြီး အောက်တိုဘာ(၂၄)ရက်နေ့က တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှာပဲ လက်ရည်စမ်းပွဲအဖြစ် ကစားခဲ့ပြီး အောက်တိုဘာ(၂၅)ရက်နေ့မှာတော့ မြန်မာဘက်မှ ကျိုင်းတုံမြို့ရှိ စားပွဲတင် တင်းနစ်အသင်း နဲ့ တာချီလိတ်မြို့ရှိ စားပွဲတင် တင်းနစ်အသင်း တို့ဖြစ်ပြီး ထိုင်းဘက်မှ ချင်းရိုင်းမြို့ရှိ စားပွဲတင် တင်းနစ်အသင်း နဲ့ မယ်ဆိုင်မြို့ရှိ စားပွဲတင် တင်းနစ်အသင်း တို့ ယှဉ်ပြိုင်ကြပါတယ်။
ပြိုင်ပွဲအား အဆင့်ဆင့် ယှဉ်ပြိုင်လာခဲ့ကြရာ အသင်း(၄)သင်းရဲ့ ရလဒ်မှာ ပထမဆု အဖြစ် တာချီလိတ်မြို့ရှိ စားပွဲတင် တင်းနစ်အသင်း က ရရှိသွားပြီး ကျိုင်းတုံမြို့ရှိ စားပွဲတင် တင်းနစ်အသင်းမှ ဒုတိယဆု၊ ထိုင်းဘက်မှ မယ်ဆိုင်မြို့ရှိ စားပွဲတင် တင်းနစ်အသင်းက တတိယဆုနှင့် ချင်းရိုင်းမြို့ရှိ စားပွဲတင် တင်းနစ်အသင်း က စတုတ္ထဆု အသီးသီး ရရှိသွားခဲ့ကြပါတယ်။
ဆုပေးပွဲ နှင့် ညစာစားပွဲ အခမ်းအနားကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်ခရိုင် ဥပဒေအရာရှိ ဦးစိုင်းကျော်ဇံ အပါအ၀င် ဟုတ်တက် တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ နှင့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။