တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် မီးရှူးလွှတ်ရန်အတွက် ယမ်းထောင်းနေရာမှ ရုတ်တရက် ပေါက်ကွဲ၍ လူတစ်ဦး ပွဲချင်းပြီး သေဆုံး

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် မီးရှူးလွှတ်ရန်အတွက် ယမ်းထောင်းနေရာမှ ရုတ်တရက် ပေါက်ကွဲ၍ လူတစ်ဦး ပွဲချင်းပြီး သေဆုံး
စက်တင်ဘာ 5, 2012
By Tachileik News Agency


၂၀၁၂ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)လမ်း၌ မယ်ခေါင်ဘုန်းကြီးကျောင်းပွဲတွင် မီးရှူးလွှတ်ရန်အတွက် ယမ်းထောင်းရာမှ ပေါက်ကွဲသွားပြီး ဒဏ်ရာပြင်းထန်စွာဖြင့် လူတစ်ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် မယ်ခေါင်ဘုန်းကြီးကျောင်းပွဲတွင် မီးရှူးလွတ်ရန်အတွက် ၎င်း၏ အစ်ကို
နေအိမ်လမ်းကြားအရိပ်တွင် ခြင်ဆေးသံဗူးခွံအတွင်း ယမ်းထည့်ပြီး သစ်သားကျည်ပွေ့ဖြင့်
ထောင်းနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ (၁၀)ပေခန့်လွင့်စင်သွားပြီး ဒဏ်ရာများဖြင့် သေဆုံးကြောင်း သိရှိရသည်။
သေဆုံးသူမှာ ၀ဲဖက်ခြေထောက်ပြတ်သွားပြီး ၀မ်းဗိုက်ပွင့်သွားကာ အူများထွက်နေသည်ကို
တွေ့ရသည့်အပြင် မျက်နှာမှာလည်း ပွင့်ထွက်သွားပြီး ဘယ်ဖက်လက်မှာလည်း ယမ်းပေါက်ကွဲမှုကြောင့် ဖွာထွက်နေသည်ကို တွေ့ရှိရပါသည်။ ( ပုံမှာ ကြည့်ရန်မသင့်သည့်အတွက် မတင်ပေးတော့ပါ)

ပြီးခဲ့သောလနှင့် ယခုလအတွင်းတွင် သျှမ်းဘုန်းကြီးကျောင်းများတွင် ရိုးရာပွဲများပြုလုပ်လျှက်ရှိရာ ဘုန်းကြီးကျောင်းပွဲများတွင် သျှမ်းရိုးရာ မီးရှူးမီးပန်းများပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုလုပ်ရာတွင် ယမ်းများကို ယခုကဲ့သို့ အန္တရာယ်ကြီးစွာ ထောင်းကြရကြောင်း သိရှိရပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net