လွယ်တော်ခမ်းကျေးရွာအုပ်စု ဖတ်ဟိ(အထက်)ရွာတွင် ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ထိုင်းအမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

လွယ်တော်ခမ်းကျေးရွာအုပ်စု ဖတ်ဟိ(အထက်)ရွာတွင် ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ထိုင်းအမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ
စက်တင်ဘာ 12, 2012
By Tachileik News Agency

စက်တင်ဘာ(၁၁)ရက်နေ့ ည(၉)နာရီချိန်တွင် လွယ်တော်ခမ်းကျေးရွာအုပ်စု ဖတ်ဟိ(အထက်)ရွာတွင် ထိုင်းနိုင်ငံသား ဆိုင်ကယ်ခိုးသူဟု ယူဆရသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။


နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ဦးစီးသော နယ်ထိန်းတပ်ကြပ်ကြီး အောင်စိုးမိုး နှင့် နယ်ထိန်းအဖွဲ့ဝင်တို့သည် သတင်းအရ လွယ်တော်ခမ်းကျေးရွာအုပ်စု ဖတ်ဟိ(အထက်)ရွာရှိ နေအိမ်တစ်အိမ်တွင် အသက်(၂၆)နှစ်အရွယ် ထိုင်းနိုင်ငံသားနှင့် ဆိုင်ကယ်နံပါတ်ပြားမပါသော Honda Wave i125 အဖြူရောင်(ကာလတန်ဖိုး- ၁၄၅၀၀၀၀ ကျပ်)အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်မေးရာတွင် ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားပြနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု ယူဆရသည်ဖြစ်တဲ့အတွက်ကြောင့် ဆိုင်ကယ်အား သိမ်းဆည်း၍ တရားခံဖြစ်သူ ထိုင်းနိုင်ငံသားအား ဥပဒေအရ အရေးယူလျှက်ရှိကြောင်း သိရှိရသည်။

တရားခံဖြစ်သူ ထိုင်းအမျိုးသားမှာ ထိုင်းနိုင်ငံ မယ်ကျန့်မြို့ မယ့်စလောင်း(နောက်) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိသည်။

ပြီးခဲ့သော ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်က ထိုင်းအမျိုးသားတစ်ဦးထံမှ ထိုကဲ့သို့ပင် ဆိုင်ကယ်သိမ်းဆည်းရမိခဲ့သည်။ ခန့်မှန်းချက်အရ ထိုင်းအမျိုးသားတစ်ချို့သည် ထိုင်းနိုင်ငံဘက်မှ ဆိုင်ကယ်များကို ခိုးယူလာလျှက်ရှိပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ လာရောက် ရောင်းချကြောင်းခန့်မှန်းသိရှိရသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net