တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်(မူလွန်)ကျောင်း၌ သြဂုတ်လ(၁၅)ရက်နေ့
နံနက်(၉း၀၀) နာရီတွင် မိုင်းဖုန်းတိုက်နယ်ကျန်းမာရေးဌာန ကျန်းမာရေးမှူးနှင့်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေး ၀န်ထမ်းများလိုက်ပါလျှက် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးကအဖွင့်အမှာစကားပြောကြားပြီး မိုင်းဖုန်းကျန်းမာရေးမှူးမှ ကျန်းမာရေးဆိုင်ရာလိုက်နာရမည့်အလေ့အကျင့်ကောင်းများနှင့် မှတ်သားဖွယ်ရာများကိုပြောကြားခဲ့ပါသည်။
ဩဂုတ်လသည် မြန်မာနိုင်ငံ၏စာသင်ကျောင်းအားလုံးအတွက် ကျောင်းကျန်းမာရေးလအဖြစ်ပညာရေး
ပြက္ခဒိန်ဖြင့် ပြဌာန်းညွှန်ကြားလျှက် ပညာရေးဌာနနှင့်ကျန်းမာရေးဌာနပူးပေါင်း၍ သံချဆေးများတိုက်ကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊အာဟာရတိုက်ကျွေးခြင်း၊ ကလေးများ၏ခန္ဓာကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာ၍ ကလေးများ၏အရွယ် အလိုက်ဖွံ့ဖြိုးမှုများကို သက်ဆိုင်ရာဆရာ/ဆရာမများက မိဘများနှင့်ညှိနှိုင်းပြီး ကလေးများခန္ဓာကိုယ်ကြီးထွားမှုမှန်ကန် ရေးအတွက် ဆောင်ရွက်ကြရကြောင်းသိရှိရပါသည်။
ပုံများကိုကြည့်ရန်
www.tachileik.net