ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ မြန်မာမိန်းကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးသည့်ကိစ္စအား ကာယကံရှင်ဘက်မှ တာဝန်ယူပေးမည်ဖြစ်ကြောင်းသိရ

ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ မြန်မာမိန်းကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးသည့်ကိစ္စအား ကာယကံရှင်ဘက်မှ တာဝန်ယူပေးမည်ဖြစ်ကြောင်းသိရ
သြဂုတ် 1, 2012
By Tachileik News Agency

၃၀.၇.၂၀၁၂ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း မြန်မာမိန်းကလေးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားရာ ထိုနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဖြစ်သည့်အတွက် ထိုင်းဘက်မှ တာဝန်ရှိသူများအနေဖြင့် သေဆုံးသူအား မည်သို့ ပြုလုပ်ပေးမည်ကို သိလို၍ သွားရောက်စုံစမ်းမှုကို ပြုလုပ်ခဲ့ပါသည်။


ယာဉ်တိုက်မှုဖြစ်ပွားရာ၌ ကားမောင်းသူဘက်မှ တာဝန်အပြည့်အ၀ယူမှာဖြစ်ကြောင်းနှင့် သေဆုံးသူ၏ မိဘများအား နာရေးအမှီလာနိုင်ရန်အတွက် လမ်းစရိတ်ပေး၍ ခေါ်ယူပေးကြောင်းလည်းသိရှိရသည်။
သေဆုံးသူ မြန်မာမိန်းကလေး၏ အလုပ်ရှင်မှာလည်း နာရေးကိစ္စများနှင့် အခြားကိစ္စများကိုလည်း ကူညီပေးမည်ဖြစ်သည်။

သေဆုံးသူ၏ မိဘများ လာရောက်နိုင်ရန်နှင့်ဆွေမျိုးအသိုင်းအ၀ိုင်းများလာရောက်နိုင်ရန်အတွက်
အလောင်းအား ချက်ချင်းသဂြိုလ်ခြင်းမပြုသေးပဲ အခေါင်းအား အအေးပေးစက်အခေါင်းတွင်း ထည့်၍ ၃၀.၇.၂၀၁၂ မှ ၁.၈.၂၀၁၂ ထိ ထားမည်ဖြစ်ကြောင်းသိရပြီး ၁.၈.၂၀၁၂ နေ့လည်တွင် မယ်ဆိုင်မြို့ သချုင်္ိင်းသို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သေဆုံးသူ၏ အသိုင်းအ၀ိုင်းမှ ပြောကြားသည်။


ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော နေရာသည် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားဘက်သို့ သွားသော မယ်ကျန့်လမ်းဆုံ လမ်းမကြီးဖြစ်ပြီး ထိုလမ်းမသည် ယာဉ်များ အလျင်စလို မောင်းနင်နေကြသော လမ်းဖြစ်သည်။ ထိုလမ်းတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်သလို ယာဉ်တိုက်မှုဖြစ်ရာတွင် ယခုလို တာဝန်ယူပေးခြင်းများရှိသလို မောင်းပြေးသွားကြသည်များလည်း ရှိကြသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်၍ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် သွားသတိ လာသတိအမြဲရှိနေဖို့လိုအပ်ပါသည်။

သေဆုံးသူ၏ အလောင်းအား ထည့်သွင်းထားသည့် အခေါင်းသည် အအေးပေးစနစ်ပါဝင်သည်။ ထိုအအေးပေးစနစ်ပါသော အခေါင်းသည် ထိုင်းဘတ်ငွေ တစ်သိန်းဝန်းကျင်ရှိကြောင်း ခန့်မှန်းသိရှိရသည်။ ထိုအခေါင်းအား ထိုင်းဘက်မှ နာရေးကူညီရေးအဖွဲ့မှ ၀ယ်ယူထားတာဖြစ်ပြီး နာရေးကိစ္စနှင့်ပတ်သက်လျှင် ၎င်းတို့အဖွဲ့မှ ယခုလို ကူညီမှုပေးကြောင်းလည်း သိရှိရသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net