မိုင်းဖုန်း(က) ၀မ်ပုံ(မူလွန်)ကျောင်းတွင် စီစီအေ(Child Center Approach) ကျောင်းအုပ်စုဆွေးနွေးပွဲ ကျင်းပ

မိုင်းဖုန်း(က) ၀မ်ပုံ(မူလွန်)ကျောင်းတွင် စီစီအေ(Child Center Approach) ကျောင်းအုပ်စုဆွေးနွေးပွဲ ကျင်းပ
သြဂုတ် 15, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၀မ်ပုံ(မူလွန်)ကျောင်း ၌ သြဂုတ်လ(၁၄)ရက်နေ့
နံနက်(၉း၀၀)နာရီတွင် မိုင်းဖုန်း(က)ကျောင်းအုပ်စုပထမအကြိမ် CCA (Child Center Approach) ကျောင်းအုပ်စုဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။


အဆိုပါဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်ခေတ္တမြို့နယ်ပညာရေးမှူး အထကတာချီလိတ် ကျောင်းအုပ်ဆရာကြီး ဦးစိန်ထွန်းလှနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မိုင်းဖုန်းကျောင်းနယ်မြေဒုတိယနယ်မြေမှူး၊ မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး ဝှေလေလန်
မူလွန်ကျောင်းအုပ်ဆရာကြီး၊ မိုင်းဖုန်း(က)ကျောင်းအုပ်စုမှူး၊မြို့မနယ်မြေဒုနယ်မြေမှူး ပုန်းထွန်အလယ်တန်း
ကျောင်းခွဲကျောင်းအုပ်ကြီးနှင့် မိုင်းဖုန်း(က)နှင့်(ခ)ကျောင်းနယ်မြေအတွင်းရှိကျောင်းအုပ်ကြီးများနှင့်ဆရာ ဆရာမများတက်ရောက်ခဲ့ကြပါသည်။


အဆိုပါဆွေးနွေးပွဲတွင် အလယ်တန်းကျောင်းခွဲ(၀မ်တုံ) ၊မူလွန်(၀မ်ပုံ)၊အမက၊ ပိန်းညောင်၊ အမက-ခုတ်ဝတို့မှ
လက်တွေ့သင်ကြားနေမှု စာသင်ချိန်(၄)ချိန်သင်ကြားခြင်းအား လက်တွေ့လေ့လာပြီး
ဆွေးနွေးပွဲကိုဆောင်ရွက် ခဲ့ကြပါသည်။

သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net