မယ်ဟုတ်ချောင်းသို့ အသွားလမ်းမှာ မယ်ဟုတ်တံတားအနီး ပြည်သူ့စစ်ဂိတ် လမ်းကြားမှ ဖြတ်သွားရပြီး ဆိုင်ကယ်ဖြင့်ဖြစ်စေ ကားဖြင့်ဖြစ်စေ အတော်လေး မောင်းဝင်ရသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အထူးသတိပြုရန်....
မယ်ဟုတ်ချောင်းတွင် ( သင်္ကြန်အတွင်း ) ရေကစားသည့်အခါ အထူးသတိထားဖို့လိုပါသည်။ မယ်ဟုတ်ချောင်း၏ ရေစီးနှုန်းမှာ ကလေးများအဖို့ ပါသွားနိုင်သည်။ ယခုလ (ဧပြီလ)ထဲတွင်လည်း ကလေးတစ်ယောက် ရေနစ်ဆုံးပါးသွားသည်ဟု ကြားသိရသည်။ ထို့ကြောင့် သင်္ကြန်အတွင်း မယ်ဟုတ်ချောင်းသွားလည်ရာ၌ အရက်မူးနေလျှင် ရေကူးရာ၌ ဆင်ခြင်ဖို့လိုပါသည်။ မိန်းကလေးများ ရေနစ်ရာနေရာသို့ ရေမကူးရန် သတိပေးလိုပါသည်။ ကလေးသူငယ်များကိုလည်း အထူးသတိဖြင့်စောင့်ကြည့်စေချင်ပါသည်။ သင်္ကြန်အတွင်းအပျော်ကြူးက အသက်ဆုံးရှုံးရသည်ဆိုရာမှာ မူးလွန်း၍သော်လည်း၊ ရေမကူးတတ်ပဲ ရေနစ်ရာနေရာ၌ ကျွတ်(ဘော)စီး၍သော်လည်း ဖြစ်တတ်သောကြောင့် ရှောင်ကျဉ်စေချင်ပါသည်။
ပုံများကို အစုံအလင်ကြည့်လိုပါက အောက်တွင်နိပ်ပါ
သင်္ကြန်အတွင်း အလည်သွားစရာ မယ်ဟုတ်ချောင်း 29 photos