မင်းအောင်လှိုင်သားပိုင်သော ရတနာပုံခန်းမ ၁၀၇ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနှင့် (၃၈)လမ်း စစ်တပ်ဝန်းအတွင်းရှိ ရတနာပုံခန်းမအား (၁၀၇)မမ ရှော့တိုက်ဒုန်းဖြင့် ယနေ့ ၂၀၂၄ခုနှစ်၊ မတ်လ(၁၉)ရက်၊ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD ထံမှ သိရသည်။

ရတနာပုံခန်းမသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်ဆိုင်ပြီး ၂၀၂၁ခုနှစ် မေလ၊ (၁၇)ရက်နေ့တွင် မင်းအောင် လှိုင်ကိုယ်တိုင် ဦးစီးဖွင့်လှစ်ခဲ့သော ခန်းမဖြစ်သည်ဟု သိရသည်။

အဆိုပါခန်းမသည် စစ်အုပ်စုခေါင်းဆောင်အကြီးပိုင်းများ အစည်းအဝေးပြုလုပ်ခြင်း၊ အထိမ်းအမှတ်ပွဲများပြုလုပ်ခြင်း၊ စစ်ကောင်စီ

နောက်လိုက် ဝန်ထမ်းများအား ဝါဒဖြန့်ရန် အသုံးပြုနေသာ ခန်းမနေရာဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ခိုက်မှုကို No More Dictatorship People Defence Force-NMD နှင့် Security & Special Task Force (SSTF-MDY)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Video : No More Dictatorship People Defence Force _ NMD