မုံရွာတွင် ပြည်သူများထံမှ ငွေတောင်းပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တောပုရွာ ပျူစောထီးစခန်းမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများကို မုံရွာ-မန္တလေး လမ်း‌‌မပေါ်တက်၍ ခရီးသွားပြည်သူများ၏ ကားများအား အတင်းအဓမ္မငွေတောင်းပြီး အပြန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Special Force-11တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)ထံမှ သိရသည်။

#TachileikNewsAgency

Video : မြောင်မြို့နယ် တော်လှန်ရေးတပ် - Myaung Revolution Army