ချင်းတွင်းမြစ်အတွင်းရှိ သင်္ဘောများကို လုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ် သင်္ဘောများအတွက် လုံခြုံရေးယူရန် ထွက်လာည့် စစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ် သင်္ဘောများကို ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်သားများ လုံခြုံရေးယူပေးရန် လာရောက်စဥ် ကျောက်တန်းကျေးရွာအနီး၌ ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု Myingyan Black Tiger(MBT)တပ်ဖွဲ့က ယနေ့ ဇူလိုင်လ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို Myingyan Black Tiger(MBT)နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော Thway Thauk Resolution Force (သွေးသောက်တပ်ဖွဲ့)၊ Popa Production & Guerilla Force၊ ရွှေညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့ ၊ ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force)၊ ရန်ကြီးအောင် PDF၊ မြောင်မြို့နယ် ဒေါင်းမင်းကြီးတပ်ဖွဲ့တိုမှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Video : Myingyan Black Tiger(MBT)